Monday, November 29, 2010

ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ ?



ကုရ်အာန်ဘာလဲ
ချီးမွမ်းခြင်းအပေါင်းတို့သည် စကြာဝဠာ လောကခပ်သိမ်းအား ပြုစုပျိုးထောင်တော်မူသော အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်အတွက်သာ ဖြစ်တော်မူပါ၏။ ထိုအရှင်မြတ် စေလွှတ်တော်မူသော လူသားအလင်းပြနဗီတမန်တော်အပေါင်းနှင့် နောက်ဆုံးတမန်တော်ချုပ် မုဟမ္မဒ်သခင်(
صلى
اله
عليه
وسلم) အပေါ်သို့ ငြိမ်းချမ်းသာယာမှု အဖြာဖြာသက်ရောက်ပါစေ။

ကမ္ဘာ့ဒေသအသီးသီးမှာလည်း မွတ်စလင်မ်အချို့ဟာ လမြတ်ရမဒွါန်ရဲ့နောက်ဆုံး (၁၀) ရက်မှာဗလီဝတ်ကျောင်းတော်အသီးသီးမှာ အိအ်သိကါဖ် လို့ခေါ်တဲ့ ကျင့်စဉ်စခန်းဝင်ရောက်ရင်း လောကီနဲ့ယာယီအဆက်ဖြတ်ပြီး အနှိုင်းမဲ့ကိုးကွယ်ရာကိုတသခြင်း၊ ကုရ်အာန်ကိုဖတ်ရွတ်ခြင်း၊ အဓိပ္ပါယ်လေ့လာနှလုံးသွင်းခြင်းတို့ကို ဆောင်ရွက်ရင်းနဲ့ ကဒရ်ညဥ့်ရဲ့ သင်္ကေတကို ရှာဖွေလေ့ရှိကြပါတယ်။တမန်တော်မြတ်
صلى
اله
عليه
وسلم ကလည်း ရမဒွါန်လဟာ ကုရ်အာန်ရဲ့လဆိုပြီး ဂုဏ်ပြုဖေါ်ညွှန်းခဲ့ပါတယ်။



ကုရ်အာန်ကျမ်းမြတ်ဆိုတာဘာလဲ
ကုရ်အာန်ဆိုတာ အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ထံက ကမ္ဘာဂြိုဟ်မှာရှိတဲ့ လူခပ်သိမ်းအတွက် နောက်ဆုံးနဲ့ပြီးပြည့်စုံတဲ့ လမ်းညွှန်တစ်ရပ် ဖြစ်ပါတယ်။ နောက်ဆုံးလူသား နဗီတမန်တော်ချုပ်မုဟမ္မဒ်(
صلى
اله
عليه
وسلم)ထံမလာအိကဟ်ကောင်းကင်တမန်စွမ်းအားရှင် ဂျိဗရာအီလ် ကတစ်ဆင့် ထုတ်ပြန်ပို့ချခဲ့တာ ဖြစ်ပါတယ်။ ဒီခေတ်ဟာ ICTလို့ခေါ်တဲ့ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာ အလွန်ထွန်းကားတဲ့ခေတ်ဖြစ်ပေမယ့် အဲဒီဂျီဗရာအီလ်ဆိုတဲ့ အလ္လာဟ့်ရဲ့ဝဟီလမ်းညွှန် ဆက်သွယ်မှုနည်းစနစ်ကိုတော့ သက်ဆိုင်ရာနဗီတမန်တော်တွေ ကလွဲလို့ အခြားဘယ်လူသားမှဥာဏ်မမီနိုင်ကြပါဘူး။ အနှိုင်းမဲ့ကိုးကွယ်ရာနဲ့ နှိုင်းရတရားထဲမှာရှိတဲ့ လူသားအကြား အလွန်အဆင့်မြင့်ပြီးပြည့်စုံတဲ့ဆက်သွယ်ရေးနည်းတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူမှ ဟန့်တားနှောင့်ယှက် ခိုးယူလို့မရနိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ဒီနေ့ဆက်သွယ်ရေး

နည်းပညာဟာ တစက္ကန့်ကို(၁၈၆၀၀၀) မိုင်နှုန်း ပြေးတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကိုအသုံးပြုပို့ရတဲ့အတွက် ဂလက်ဆီလို့ခေါ်တဲ့ ကြယ်မြို့တော်တစ်ခုကိုဖြတ်ဖို့တောင် နှစ်ပေါင်းသန်းနဲ့ချီပြီးကြာမှာဖြစ်ပါတယ်။ဒါပေမဲ့ အလ္လာဟ့်ရဲ့ ဂျီဗရာအီလ်နည်းကတော့ အလ္လာဟ်ပို့လို့ ရတဲ့သတင်းလမ်းညွှန်ချက်တွေကို သက်ဆိုင်ရာလက်ခံရရှိမယ့် လူသားနဗီတမန်တော် အလင်းပြပုဂ္ဂိုလ်ရဲ့ စိတ်နှလုံးသားထဲကို သူနားလည်ပြောဆိုနေတဲ့ ဘာသာစကားနဲ့ဘာသာပြန်ပြီးသား အဖြစ်ချက်ချင်းရောက်ရှိ သွားခြင်းပဲဖြစ်ပါတယ်။

ဥပမာ-တမန်တော်မူစာ (Moses) ထံကို ဟီဗရူးဘာသာစကားနဲ့ရောက်လာတယ်။ တမန်တော်အီစာ(ယေရှုခရစ်တော်) ထံကို အရမစ် (Aramic)ဘာသာစကားနဲ့ရောက်ရှိလာတယ်။ အခုလည်း နောက်ဆုံး လူသားနဗီတမန်တော်ချုပ် မုဟမ္မဒ်(
صلى
اله
عليه
وسلم) သခင်ဟာအာရဗ်လူမျိုးဖြစ်တဲ့အတွက် နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့ ကုရ်အာန်ဟာ အရဗီဘာသာစကားနဲ့ရောက်ရှိလာတာဖြစ်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ကျမ်းဟာ အစအဆုံး တစ်ပြိုင်တည်း ကျရောက်လာတာမဟုတ်ဘဲတမန်တော်မြတ် ကြုံတွေ့ရတဲ့ အခြေအနေတွေအလိုက် မက္ကဟ်မြို့မှာ(၁၃)နှစ်၊ မဒီနဟ်မြို့မှာ (၁၀)နှစ် စုစုပေါင်း(၂၃)နှစ်အတွင်းမှာ အလီလီကျရောက်ပြီးမှ ပြီးပြည့်စုံ ခဲ့ခြင်းဖြစ်ပါတယ်။ (ကုရ်အာန် ၂၆း၁၉၂ ၊ ၄၇း၂ ၊ ၂း၁၈၅ ၊ ၉၇း၁ ၊ ၄၄း၅၈၊ ၄၃း၃)အနှိုင်းမဲ့ကိုးကွယ်ရာ မြတ်အလ္လာဟ်ကိုကုရ်အာန်ကို ရှင်ပြန်ထမြောက်ရမယ့်နေ့တိုင် လူခပ်သိမ်း အတွက် နောက်ဆုံးလမ်းညွှန်အဖြစ်ထုတ်ပြန်လိုက်ပေမယ့် မျက်စီမှိတ်ပြီး ယုံကြည်ရမယ်လို့ အဓ္ဓမ မကျင့်သုံးထားပါဘူး။

ကုရ်အာန်ထဲ ပါတာတွေကို စာတွေ့၊ သက်သေလက္ခဏာနဲ့ အလ္လာဟ်ရဲ့ ဖန်ဆင်းမှုသဘာဝတရားကြီးကို လက်တွေ့သက်သေလက္ခဏာတွေအဖြစ် သိပ္ပံ၊ ၀ိဇ္ဖာ၊ နည်းပညာပေါင်းစုံနဲ့ ဆန်းစစ်လေ့လာပြီးမှကျမ်းရှင်နဲ့ဖန်ဆင်းရှင်ဟာ အနှိုင်းမဲ့`တစ်´ဖြစ်ကြောင်း ၀န်ခံ ထောက်ခံစေပါတယ်။ တစ်နည်းပြောရရင် ဥာဏ်ကို စာတွေ့ လက်တွေ့ စေစား ပွားများစေတာဖြစ်ပါတယ်။အဲဒီလိုဆန်းစစ်လေ့လာပြီး ယုံကြည်လက်ခံတယ်ဆိုရင် ကုရ်အာန်ကျမ်းစာဟာ အဲဒီယုံကြည်လက်ခံလာသူ (မွတ်စလင်မ်) အတွက်အမှားနဲ့ အမှန်ခွဲခြားတဲ့ မှတ်ကျောက် (ဖုရ်ကာန်အဖြစ် ခံယူကျင့်သုံးရမှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် အဲဒီကုရ်အာန်နဲ့ ဆန့်ကျင်တာမှန်သမျှ ယုံကြည်ခြင်း၊ ခံယူကျင့်သုံးခြင်း လုံးဝ ပြုပိုင်ခွင့် မရှိတော့ပါဘူး။

ဒါကြောင့် ကုရ်အာန်ဆိုတာ အစ္စလာမ့်ဘ၀ တည်ဆောက်မှုလည်းစဉ်အတွက် အစ္စလာမ့် တရားဥပဒေရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ (ကုရ်အာန် ၂း၁၈၅ ၊ ၅း၄၄ ၊ ၁၃း၃၇)ကုရ်အာန်ဆိုတဲ့ကျမ်းစကုရ်အာန်ဆိုတဲ့ကျမ်းစာအမည် ကမ္ဘာ့ဘာသာရေး ကျမ်းစာအချို့ရဲ့ အမည်တွေဟာ သက်ဆိုင်ရာကျမ်းစာထမှဲာ မပါဘဲ လူတွေကအမည်ပေးမှည့်ခေါ်တာကို တွေ့ရပါလိမ့်မယ်။ ဥပမာ-သမ္မာကျမ်း (Bible) ဆိုတဲ့အမည်ဟာ သမ္မာကျမ်းထဲမှာ မပါပါဘူး။လူတွေက အမည်ပေး ခေါ်ဝေါ်နေခြင်းသာဖြစ်ပါတယ်။

`ကုရ်အာန်´ ဆိုတဲ့ကျမ်းရဲ့အမည်ဟာ ကုရ်အာန် ကျမ်းစာထဲမှာအတိအလင်း ဖေါ်ပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဥပမာ-(ကုရ်အာန် ၂း၁၈၅ ၊ ၁၂း၂ ၊ ၅၄း၁၇) တွေမှာ ဖေါ်ပြထားပါတယ်။`ကုရ်အာန´် ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ `ရေွး ချယ်စုစည်းခြင်း၊ အဖန်တလဲလရွဲတ်ဖတ် ခြင်း´ဆိုပြီးရပါတယ်။ ဆိုလိုတာကတော့ ကုရ်အာန်ကျမ်းစာထဲမှာ ကမ္ဘာ့ရှေးကျမ်းအသီးသီးရဲ့ အနှစ်သာရတွေ ကိုရွေးချယ်စုစည်း ဖော်ပြထားတဲ့အပြင် ရှင်ပြန်ထမြောက်ရမယ့် နေ့တိုင် ကြုံတွေ့ရမယ့် ရေးရာကိစ္စတွေ အတွက်ပြီးပြည့်စုံတဲ့ လမ်းညွှန်တွေကို စုစည်းထားတဲ့ နောက်ဆုံးလမ်းညွှန် ကျမ်းဖြစ်တဲ့အတွက် လူသားတွေအနေနဲ့ ဘ၀လမ်းညွှန်အဖြစ် အဖန်တလဲလဲ ဖတ်ရွတ်လေ့လာနေရမယ့် ကျမ်းဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ကုရ်အာန်ကျမ်းစာတစ်အုပ်တည်းသာ မူရင်းအတိုင်းသန့်စင်စွာရှိနေခြင်း၏အံ့ဖွယ်ကုရ်အာန်ကျမ်းစာ မတိုင်မီကရရှိခဲ့တဲ့ ကမ္ဘာ့ဘာသာရေးကျမ်းစာအသီးသီးဟာ ဒီနေ့ဆိုရင်ကမ္ဘာပေါ်မှာ မူရင်းအတိုင်း မရှိကြတော့ပါဘူး။ တစ်ချို့ဆိုရင် မူရင်းဘာသာစကားနဲ့တောင် မရှိကြတော့ဘဲ တစ်ချို့ဆိုရင် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်တဲ့အတွက် အဲဒီမူရင်းအတိုင်း မဟုတ်တော့တဲ့ကျမ်းကိုကိုင်ပြီး အကြွင်းမဲ့ပြီးပြည့်စုံတဲ့ သစ္စာတရားကို လေ့လာရှာဖွေဖို့ အလွန်ခက်ခဲနေပြီ ဖြစ်ပါတယ်။ ဖွင့်ဆိုတဲ့နေရာမှာ ကွဲလွဲချက်တွေ အမြောက်အများ ပေါ်လာမှာဖြစ်ပါတယ်။ဒါပေမဲ့ ကုရ်အာန်ရဲ့ ထူးခြားချက်ကတော့ အခုဆိုရင် ကမ္ဘာပေါ်မှာ နှစ်ပေါင်း(၁၄၀၀) ကျော်ပြီဖြစ်ပေမဲ့မူရင်းအရဗီဘာသာစာပေနဲ့ မူရင်းအတိုင်း ၏သည် မရွေး ရှိနေခြင်းပဲဖြစ်ပါတယ်။

ဘယ်နိုင်ငံက ဘယ်လူမျိုးပဲ ဖတ်ဖတ်၊အသံထွက်ဟာ အတူတူပဲဖြစ်ပါတယ်။ တစ်နိုင်ငံမှာအသံထွက်တစ်မျိုး ကွဲလွဲချက်မရှိတာကို နိုင်ငံ ပေါင်းစုံက ပါဝင်တဲ့ကမ္ဘာ့ကုရ်အာန်ကျမ်းစာ ဖတ်ရွတ်ပြိုင်ပွဲတွေမှာ ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလို မူရင်းအတိုင်း သန့်စင်စွာရှိနေရတဲ့အကြောင်းကတော့--၁။ တမန်တော်ချုပ်မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးနဗီတမန်တော်ချုပ်ဖြစ်ပြီး သူ့နောက်မှာနောက်ထပ်နဗီတမန်တော်အသစ်ပေါ်ထွန်းစရာမရှိတော့ခြင်း၊ ကုရ်အာန်ကျမ်းစာဟာ အလ္လာဟ့်ထံက နောက်ဆုံးလမ်းညွှန်ဖြစ်ပြီးနောက်ထပ်လမ်းညွှန်လာစရာမရှိတော့ခြင်းတို့ကြောင့် ကျမ်းရှင် အလ္လာဟ်ကိုယ်တိုင်က ကုရ်အာန်ကျမ်းစာကိုယိုယွင်းပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ထားတယ်လို့ အာမခံထားတဲ့အတွက် ဖြစ်ပါတယ်။ (ကုရ်အာန် ၁၅း၉)၂။

ဒီအပြင်မွတ်စလင်မ်တွေအနေနဲ့ ကုရ်အာန်ကျမ်းစာကိုလက်တွေ့ထိန်းသိမ်းခြင်းနဲ့ ကာကွယ်စောင့်ရှောက် ခြင်းနည်းစနစ်သမိုင်းကို ကြည့်ရင် တမန်တော်ချုပ်မုဟမ္မဒ်(
صلى
اله
عليه
وسلم) ဆီကို ကုရ်အာန်ကျမ်းစာရဲ့ လမ်းညွှန်ချက်တွေကျရောက်လာတိုင်း တမန်တော်မြတ်(صلى
اله
عليه
وسلم)ရဲ့ ကြီးကြပ်မှုနဲ့ စာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းအပြင် လူအများကအလွတ်ကျက်မှတ်ပြီး စိတ်နှလုံးမှာ မှတ်တမ်းတင်ခြင်းကို တစ်ပြိုင်တည်း ပြုခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒီ့အပြင်မွတ်စလင်မ်တွေဟာ ကုရ်အာန်ကျမ်းစာရဲ့ အစိတ်အပိုင်းတွေကို မိမိတို့ရဲ့ နေ့စဉ်(၅)ကြိမ်ဆွလားသ် ၀တ်ပြုမှုမှာ နေ့စဉ်ဖတ်ရွတ် ဆင်ခြင်ခြင်း၊ ဟာဖိဇ်ွခေါ် ကုရ်အာန်ကျမ်းစာကို အစအဆုံး အလွတ်ကျက်မှတ် အာဂုံဆောင် သူများကမ္ဘာနဲ့အ၀ှမ်း နှစ်စဉ်မွေးထုတ်ပေးနေခြင်းနဲ့ မွတ်စလင်မ် ကျားမမရွေး အမြလဲိုလို ကုရ်အာန်ကို ရွတ်ဖတ်နေခြင်းတို့ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ရှေးကျမ်းစာအသီးသီးကို ဒီလို ပီပီပြင်ပြင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဆိုရင် ကမ္ဘာပေါ်မှာ ကုရ်အာန်ကျမ်းစာကို ကမ္ဘာ့ဘာသာစကား အသီးသီးနဲ့ ဘာသာပြန်ဆိုထားပြီးဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူတွေရဲ့ အရည်အသွေးအလိုက် အယူအဆ ကွဲလွဲချက်အချို့ ရှိနေပေမယ့်ဒီကွဲလွဲချက်တွေကို မှတ်ကျောက်တင် ဆန်းစစ်နိုင်ဖို့ အရဗီစာပေနဲ့ မူရင်းကုရ်အာန် ရှိနေခြင်းဟာ အစ္စလာမ်ရဲ့ ထူးခြားချက်တစ်ရပ်ပဲ ဖြစ်ပါတယ်။ကုရ်အာန်၏အရဗီဘာသာစာပေ၏အံ့ဖွယ်ကမ္ဘာပေါ်မှာ အရဗီစကား ပြောတဲ့နိုင်ငံများစွာရှိနေပြိး ဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနေပေမယ့်ကုရ်အာန်ကျမ်းစာမှာ သုံးထားတဲ့ အရဗီစာပေကတော့ အားလုံးအတွက် စံနမူနာပြဲဖစ်ပါတယ်။ ဒီ့အပြင် အရဗီဘသာစကားဟာ မပြောပလောက်တဲ့ လူအနည်းငယ်သာ သုံးစွဲနေတဲ့ ဘာသာစကားအသေ (Dead Language)မျိုးလဲမဟုတ်ဘဲနဲ့ ကမ္ဘာ့လူအများစုသုံးစွဲနေတဲ့ ရှင်သန်နေတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်များသာမကဘဲ မွတ်စလင်မ်မဟုတ်သူများပါ သုံးစွဲနေပြီး အခုဆိုရင် ကမ္ဘာ့အဆင့်မြင့် တက္ကသိုလ်ကြီးမှာအာရဗီစာပေဌာန သီးခြားထားရှိနေပြီ ဖြစ်ပါတယ်။

ဒါတင်မ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ရုံးသုံးဘာသာစကား (၆) မျိုးအနက် အရဗီဟာ တစ်မျိုးအပါအ၀င်ဖြစ်နေပါပြီ။ဒီ့အပြင် ဒီနေ့ကမ္ဘာရဲ့ သိပ္ပံပညာနဲ့ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ စာပေဝေါဟာရတွေကျယ်ပြန့်လာ ချိန်မှာအရဗီစာပေဟာ ခေတ်၊ စနစ်၊ အသိပညာရဲ့ လိုအပ်ချက်တွေကို အဆင့်မြင့်စာပေတစ်ရပ်အနေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာ တွေ့ရှိလာခဲ့ပါတယ်။ ဥပမာ- ကမ္ဘာ့မွတ်စလင်မ်အဖွဲ့ချုပ် (ရာဗိသွဟ်) ကနေပြီး ဒီနေ့ ကမ္ဘာ့သိပ္ပံပညာရပ်အသီးသီးရဲ့ ကမ္ဘာကျော်ပါရဂူ (၁၄) ဦးကို နိုင်ငံအသီးသီးက ခေတ်ခေါ်ပြီး အရဗီကုရ်အာန်ကျမ်း မူရင်းနဲ့တမန်တော်မုဟမ္မဒ်သခင်(
صلى
الله
عليه
وسلم) သြ၀ါဒမှတ်တမ်းထဲက သက်ဆိုင်ရာ သိပ္ပံ၊ ၀ိဇ္ဇာ နည်းပညာဘာသာ ရပ်အလိုက်အချက်အလက်တွေကို ထုတ်ပေးပြီး လက်တွေ့ နောက်ဆုံးပေါ် ပညာတွေနဲ့ စမ်းသပ် စစ်ဆေးစေခဲ့တဲ့အခါသုတေသနအဆုံးမှာ ကမ္ဘာ့ပါရဂူအားလုံးက အရဗီကုရ်အာန်ကျမ်းနဲ့ တမန်တော်ရဲ့ သြ၀ါဒ မှတ်တမ်းတွေကိုခေတ်ရှေ့ပြေးနေတဲ့ အံ့ဖွယ်အဖြစ် ချီးကျူး ဂုဏ်ပြု ကြေငြာခဲ့ကြရပါတယ်။ သူတို့တွေရဲ့ ကုရ်အာန်အပေါ် သုတေသနနဲ့တွေ့ရှိချက်များကို This Is The Truth (သည်မှာသစ္စာတရားတည်း) ဆိုတဲ့စာအုပ်နဲ့ ဗွီဒိယို၊ ဗီစီဒီခွေများအဖြစ် ကမ္ဘာကိုဖြန့်ချိနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒီပါရဂူ(၁၄) ဦးထဲမှာ(၁) ဦးကလွဲလို့ ကျန်သူတွေဟာ မွတ်စလင်မ်တွေမဟုတ်ကြပါဘူး။ အဲဒီအထဲက ယိုးဒယားက ပါမောက္ခ တာဂါစုမ်ကတော့ အစ္စလာမ်ကို လက်ခံလိုက်ကြောင်းကြေငြာသွားခဲပါတယ်။

ကုရ်အာန်ကျမ်းစာဖွဲ့စည်းပုံ

(မက္ကဟ်နှင့်မဒီနဟ်စူရဟ်)ကုရ်အာန်ကျမ်းစာဟာ မုဟမ္မဒ်သခင်(
صلى
الله
عليه
وسلم) သက်တော်(၄၀) ပြည့်တဲ့အခါ အာရေဗျဒေသ၊ မက္ကာဟ်မြို့ပြင်မှာရှိတဲ့ ဟီရာ လို့ခေါ်တဲ့ သုတေသန လှိုဏ်ဂူမှာ တရားဆင်ခြင်နေစဉ် အနိုင်းမဲ့ ကိုးကွယ်ရာ မြတ်အလ္လာဟ်ကကောင်းကင်တမန် ဂျီဗရာအီလ်ကနေတစ်ဆင့် စတင် ထုတ်ပြန်ပို့ချခဲ့တာပါ။ အရဗီပြက္ခဒိန်အရတော့ ရမဒွန်လထဲမှာဖြစ်ပါတယ်။ ပညာရှင်အများစုကတော့ (၂၇) နေ့ညလို့ မှတ်တမ်းတင်ထား ကြပါတယ်။ အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ပို့ချတဲ့ ညကို ကဒရ်ညဥ့်(၀ါ) တိုင်းတာသတ်မှတ်တဲ့ညဥ့်လို့ အလ္လာဟ်က ဂုဏ်ပြုဖော်ပြ ထားပါတယ်။ (ကုရ်အာန်၉၆း၁-၆)။ ဆိုလိုတာက လူတစ်ဦးချင်းဖြစ်စေ၊ လူအဖွဲ့ အစည်းဖြစ်စေ သူတို့ရဲ့ အောင်မြင်မှုနဲ့ ဆုံးရှုံးမှုကံကြမ္မာကိုကုရ်အာန်ရဲ့လမ်းညွှန်ချက်နဲ့ တိုင်းတာသတ်မှတ် လိုက်လို့ဖြစ်ပါတယ်။ ဘယ်သူမဆို အနှိုင်းမဲ့ကိုးကွယ်ရာမြတ်အလ္လာဟ်ကို သက်ဝင်ယုံကြည်ပြီး ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း ကျင့်သုံးနေထိုင်ရင် လောကီဘ၀ရော၊မတလွန်ဘ၀မှာပါ အောင်မြင်ငြိမ်းချမ်းမှု ရရှိမှာဖြစ်ပြီး ဘယ်သူမဆို အလ္လာဟ်ကိုငြင်းပယ်မယ်၊ ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို ဆန့်ကျင်နေထိုင်မယ်ဆိုရင် လောကီနဲ့ တမလွန် နှစ်ဘ၀စလုံး ဆုံးရှုံး နစ်နာမှာဖြစ်ပါတယ်။

အဲဒီလို ကုရ်အာန် စတင်ထုတ်ပြန်ခြင်းနဲ့အတူ မုဟမ္မဒ်သခင်(
صلى
الله
عليه
وسلم)ကိုလည်း နဗီတမန်တော် တာဝန်ကို စတင်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရဲ့ မက္ကာဟ်မြို့(၁၃)နှစ်တာ တမန်တော်သက်တမ်း ကိုကြည့်ရင်ဖန်ဆင်းတာလည်းအလ္လာဟ်၊ ထိန်းသိမ်း စောင့်ရှောက် နေတာလည်း အလ္လာဟ်၊ တရားစီရင် စစ်ဆေးမှာလည်းအလ္လာဟ်ဆိုတဲ့ အလ္လာဟ်တစ်ပါးတည်းသာ အနှိုင်းမဲ့ကိုးကွယ်ရာဆိုတဲ့ (သောင်ဟီးဒ်)တရားကို ဟောကြားရတဲ့ အခါအလ္လာဟ်ကိုငြင်းသူတွေ၊ အလ္လာဟ်ကိုလက်ခံပေမယ့် အခြားတစ်စုံတစ်ရာ(နတ်)တွေနဲ့ နှိုင်းယှဉ်ကိုးကွယ် သူတွေကအပြင်းအထန် ဆန့်ကျင်မှုတွေ ခံခဲ့ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မက္ကာဟ်ကာလ ကုရ်အာန်အာယသ်လမ်းညွှန်တွေကိုကြည့်ရင် ယုံကြည်ချက် သန့်စင်ဖွံ့ဖြိုးရေး (Purity of Faith) ကိုဦးစားပေးထားတာကို တွေ့ရပါတယ်။ဖိနှိပ်ညှင်းပန်းမှုတွေ ရှိနေတဲ့အတွက် ကျင့်စဉ်ခန်းတွေ များစွာမတွေ့ရပါဘူး။ ဒါပေမယ့် မဒီနဟ်ကာလ(၁၀)နှစ်ကိုကြည့်ရင်တော့ အစ္စလာမ့်နိုင်ငံတော် လွတ်လပ်စွာထူထောင်နိုင်ပြီး ဖြစ်တဲ့အတွက် ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး၊ စစ်နဲ့ငြိမ်းချမ်းရေး၊ လူမှုရေး၊ ပြန်ကြားရေး၊ ဘာသာခြားနဲ့ ဆက်ဆံရေး၊ အုပ်ချုပ်ရေးစတဲ့ လမ်းညွှန်ဥပဒေတွေ၊ရုပ်နဲ့ စိတ်ဝိညာဉ် သန့်စင်ဖွံ့ဖြိုးရေးအတွက် ၀တ်ပြုတည်ဆောက်မှုဆိုင်ရာ ကျင့်စဉ်တွေစတဲ့ အစ္စလာမ့် တရားဥပဒေရေးရာတွေနဲ့ ပတ်သက်တဲ့ ကုရ်အာန်အာယသ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။ ကုရ်အာန်ထဲမှာ ရုပ်နဲ့နာမ်၊ တစ်ဦးနဲ့အများ၊လောကီနဲ့ တမလွန် အားလုံးအတွက် ပြီးပြည့်စုံတဲ့ လမ်းညွှန် အားလုံးပါဝင်နေပါတယ်။

တမန်တော်မြတ်(
صلى
الله
عليه
وسلم)ဟာ မဒီနဟ်ရောက်ပြီး(၈) နှစ်မြောက် (ဟစ်ဂျရီ-၈ခုနှစ်) မှာ မက္ကဟ်မြို့ကို ငြိမ်းချမ်းစွာအောင်နိုင်ပြီး မဒီနဟ်မြို့မှာပဲ စံမြန်း နေခဲ့ပါတယ်။ ဟစ်ဂျရီ(၁၀) ခုနှစ်မှာ နောက်ဆုံးဟဂ်ျ ကျင့်စဉ်ပြုပြီး (တမန်တော်မြတ်နောက်ဆုံး ဟဂ်ျပြုနေစဉ်မှာပဲ ကုရ်အာန်ရဲ့ နောက်ဆုံးအာယသ် (၅း၃) ကျရောက်ခဲ့ပါတယ်) နောက်အလ္လာဟ့်ကရုဏာတော် ခံယူကာ အလ္လာဟ်ထံ ပြန်ကြွသွားတော်မူခဲ့ပါတယ်။တမန်တော်မြတ်(صلى
الله
عليه
وسلم)ရှိစဉ်ကတည်းက ကုရ်အာန်ကို ချက်ခြင်း စာဖြင့်မှတ်တမ်းတင်ခြင်း၊ အာဂုံဆောင်ကျက်မှတ်ခြင်းတို့နဲ့ မှတ်တမ်းတင်ခဲ့ ကြတဲ့အတွက် တမန်တော်မြတ်(صلى
الله
عليه
وسلم)) မကွယ်လွန်ခင် ကတည်းက ကုရ်အာန်ကျမ်းမြတ် အစအဆုံးကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလ္လာဟ်က ကုရ်အာန်ကို တမန်တော်မြတ် ခေတ်လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ အချိန်နဲ့အားလျော်စွာ ကုရ်အာန်အာယသ်တွေကို ချပေးခဲ့ပေမယ့် ပြီးပြည့်စုံသွားတဲ့အခါကျတော့ အဲဒီအစီအစဉ်အတိုင်းမဟုတ်တော့ဘဲ ခေတ်တိုင်းအတွက် လမ်းညွှန်ဥပဒေအဖြစ် အသုံး ချနိုင်ဖို့လက်ရှိ အစီအစဉ်အတိုင်း တမန်တော်မြတ်(صلى
الله
عليه
وسلم)) ကိုစီစဉ် စေခဲ့ပါတယ် ဒီ့အပြင် ကျပြီးသလောက် အာယသ်တွေကိုနှစ်စဉ်တမန်တော်မြတ်(صلى
الله
عليه
وسلم)က ရမဒွါန်လရောက်ရင်` လက်ရှိအစီအစဉ်အတိုင်း ရွတ်ဖတ်ပြရပါတယ်။

ဒါကြောင့်ကုရ်အာန်ကျမ်းစာမှာ စူရဟ်ခေါ် ကဏ္ဍပေါင်း(၁၁၄) ပုဒ်ပါဝင်ပြီး ကဏ္ဍတစ်ခုချင်းစီကို အာယသ်လို့ခေါ်တဲ့လမ်းညွှန်/သက်သေလက္ခဏာ စာကြောင်းများနဲ့ ဖွဲ့စည်းထားပါတယ်။ စူရဟ်ခေါ် ကဏ္ဍတစ်ခုချင်းဟာ အတိုအရှည်မတူကြပါဘူး။ ဥပမာ- အရှည်ဆုံးစူရဟ် အမှတ်-(၂)ဟာ အာယသ်လမ်းညွှန်ပေါင်း(၂၈၆) ပါဝင်ပြီး အတို ဆုံးစူရဟ်ကဏ္ဍအမှတ်(၁၀၈)မှာ အာယသ်လမ်းညွှန်ပေါင်း(၃) ကြောင်းသာပါဝင်ပါတယ်။

ကုရ်အာန်အပေါ်သံသယရှိသကုရ်အာန်အပေါ်သံသယရှိသူများကိုဖိတ်ခေါ်ချက်ဖန်ဆင်းရှင် အလ္လာဟ်ကိုယ်တိုင် ကုရ်အာန်နဲ့ ပတ်သက်ပြီး သံသယရှိသူများကို အခုလို လမ်းညွှန် ဖိတ် ခေါ်ထားပါတယ်။"ထို့အပြင် အကယ်၍ အသင်တို့သည် ငါ(အလ္လာဟ်) အရှင်မြတ် ထုတ်ပြန်ပို့ချတော်မူခဲ့သောအရာ (ကုရ်အာန်)နှင့်စပ်လျဉ်း၍ ယုံမှားသံသယရှိခဲ့ကြပါလျှင် အသင်တို့သည် ယင်း(ကုရ်အာန်)နှင့် အလားတူ စူရဟ်ကဏ္ဍတစ်ပုဒ်ကိုယူဆောင်လာကြကုန်လော့။

ထို့အပြင် အသင်တို့သည် မှန်သောစကားကိုဆိုသူများဖြစ်ခြဲ့ကပါလျှင် (ယင်းသို့ယှဉ်ပြိုင်ကြရာတွင်) အလ္လာဟ်အရှင်မြတ်မှအပ အခြားယိုင်းပင်းကူညီမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။သို့သော်အသင်တို့သည် (ကုရ်အာန်ကျမ်းမြတ်နှင့်ယှဉ်ပြိုင်ခြင်းကို အတိတ်ကာလတွင်လည်း) မလုပ်နိုင်ခဲ့ကြ၊(မျက်မှောက်ကာလတွင်လည်း) လုပ်နိုင်ကြသည်လည်းမဟုတ်၊ (နောင်အနာဂတ်တွင်လည်း) အလျှင်း လုပ်နိုင်ကြဦးမည်မဟုတ်ချေ၊ သို့ဖြစ်ပေရာ အသင်တို့သည် ငရဲမီးကို အသိထားကြလော့။ ယင်း၏ လောင်စာမှာ လူများနှင့် ကျောက်တုံးများဖြစ်ကြပေမည်။ အမှန်တရားကို ငြင်းပယ်ကြသူတို့အတွက် အသင့်ပြင် ထားပြီးဖြစ်ချေသည်" (ကုရ်အာန် ၂း၂၃-၂၄)အခုကမ္ဘာပေါ်မှာ အရဗ်နိုင်ငံတွေထဲမှာ မွတ်စလင်မ်မဟုတ်တဲ့ အရဗ်များစွာရှိနေကြပါတယ်။

ဒီ့အပြင် ကမ္ဘာလူမျိုးအသီးသီးမှာ မွတ်စလင်မ်မဟုတ်ပေမယ့် အရဗီကျွမ်းကျင်သူ များစွာလည်း ရှိနေပါတယ်။ ဂျူးတွေဆို ရင်လည်းအရဗီအလွန် ကျွမ်းကျင်သူတွေရှိကြပါတယ်။ အနောက်တိုင်းတက္ကသိုလ်ကြီးတွေ၊ ရုရှားနိုင်ငံရဲ့မော်စကိုတက္ကသိုလ်တွေမှာ အရဗီလေ့လာရေးဌာနကြီးတွေလည်း သီးခြားဖွင့်ထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကျမ်းစာရဲ့အခုဖော်ပြခဲ့တဲ့စိန်ခေါ်ချက်ကို တုန့်ပြန်နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိတဲ့အပြင် ကုရ်အာန်ကိုလေ့လာလိုက်ကြတဲ့သူတွေဟာ အမှန်တရားကိုသိမြင်ပြီး အစ္စလာမ်ဘာသာဝင်တွေဖြစ်လာခြဲ့ကလို့ အခုဆိုရင် အစ္စလာမ်ဟာကမ္ဘာပေါ်မှာအမြန်ဆုံးပြန့်ပွားနေတဲ့ သာသနာလို့တောင် Jehovah Witness က ဖေါ်ညွှန်းနေပါ တယ်။

အစ္စလာမ်ကို ရန်လိုနေကြတဲ့သူတွေအနေနဲ့ အစ္စလာမ်နဲ့ တမန်တော်မြတ်(
صلى
الله
عليه
وسلم)ကို မဟုတ်မမှန် လုပ်ကြံပြောဆိုရေးသားနေကြမယ့်အစား စာကြောင်း(၃)ကြောင်းလောက် ကုရ်အာန်န့ယှဲဉ်ပြီး ရေးပြနိုင်ရင် ပိုပြီးထိရောက်မှာပါ။ဒါပေမယ့် အလ္လာဟ်က ကတိပေးထားပြီးဖြစ်ပါတယ်။ (ကုရ်အာန် ၂း၂၄၊ ၁၅း၉) ဒီအပြင်ကုရ်အာန် ရဲ့ အလင်းရောင်ဟာကမ္ဘာကို လွှမ်းသွားမယ်လို့လည်း ဆိုထားပါတယ်။ အမှန်တရားမှာ အင်အားရှိပြီးသားဖြစ်ပါတယ်။ညီနောင်၊ ညီအစ်မများအနေနဲ့ ကျွန်တော်မကြာသေးခင်ကတင်ပြခဲ့တဲ့ "ကုရ်အာန်အပေါ်ထားရှိရမယ့်မွတ်စလင်မ်တို့၏တာဝန်များ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဤခေါင်းစဉ်ကို ယှဉ်တွဲလေ့လာပြီး ကုရ်အာန်ကို အပြည့်အ၀ ယုံကြည်ပါ။

သဂ်ျဝီးဒ်ပညာနဲ့ စနစ်တကျ ရွတ်ဖတ်ပါ။ အဓိပ္ပါယ် နားလည်အောင် ကြိုးစားပါ။ လက်တွေ့လိုက်နာ ကျင့်သုံးပါ။အခြားသူများ သိအောင်လည်း ကုရ်အာန်ရဲ့ အသိပညာတွေကို ကာယ၊ ဥာဏ၊ ဓနနဲ့ ၀ိုင်းဝန်းကူညီ ဖြန့်ကြပါလို့တိုက်တွန်းရင်း အလ္လာဟ်က(၄) ကြိမ်မေးထားတဲ့ ဒီမေးခွန်းကို ဘ၀မှာ မသေခင်ဖြေဖို့ တိုက်တွန်း လိုက်ပါတယ်။"မုချဧကန် ငါအရှင်မြတ်သည် ကုရ်အာန်ကို ကျက်မှတ်တရားရယူရန်အတွက် လွယ်ကူစေတော်မူခဲ့ရာ ကျက်မှတ်တရားရယူသူတစ်ဦးတစ်ယောက်ရှိပါ၏လော"။ (ကုရ်အာန် ၅၄း၁၇၊ ၅၄း၂၂၊ ၅၄း၃၂၊ ၅၄း၄၀)

အလ်ဟာဂ်ျ မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)

ကုရ်အာန်ကျမ်းမြတ်လာ..ဖါရို..အကြောင်းတစေ့တစောင်း...


 

 
 

ကု၇်အာန်ကျမ်းလာဖါရိုအကြာင်းတစေ့တစောင်း

 
 

 
 

သို့သော် နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါးဖြစ်စေ၇န် နင်၏ကိုယ်ကာယကို ငါအသျှင်မြတ် ယခုကယ်ဆယ်တော်မူ၏ ။ ကြည့်ကြလော့ လူသားတို့ အနက်များလှစွာသောသူတို့သည်ငါ၏သက်သေသာဓကများကိုသတိမမူကြချေ။
ကု၇်အာန် ( ၁၀း ၉၂ )

 
 

  [فَالْيَوْمَ نُنَجِّيْكَ بِبَدَنِكَ لِتَكُوْنَ لِمَنْ خَلْفَكَ اٰيَةً‌ ؕ وَاِنَّ كَثِيْرًا مِّنَ النَّاسِ عَنْ اٰيٰتِنَا لَغٰفِلُوْنَ 

[10:93] فَٱلۡيَوۡمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنۡ خَلۡفَكَ ءَايَةً۬‌ۚ وَإِنَّ كَثِيرً۬ا مِّنَ ٱلنَّاسِ عَنۡ ءَايَـٰتِنَا لَغَـٰفِلُونَ

[10:92] So this day We will save thee in thy body alone that thou mayest be a Sign to those who come after thee. And surely, many of mankind are heedless of Our Signs

 
 

ထာ၀၇မှန်ကန်နေသော ပ၇မတ္တ သစ္စာတ၇ားကို ကု၇်အာန်ကျမ်းတော်မှအပ
အခြားနေ၇ာများတွင်မတွေ့နိုင်ပါ။လူသားတို့၏ ခန့်မှန်းကြံစည် တွေးတောမှု များသည် ယနေ့တွင်မှန်ကန်နေသော်လည်းမနက်ဖြန်တွင်မူမသေချာပေ။ ထိုနည်းအတူ အံ့မခန့်းတဟုန်ထိုးတိုးတက်နေသော သိပံပညာသည်ပင်လျှင် တနေ့တွေ့ရှိမှုနှင့် နောက်တနေ့ တွေ့၇ှိမှုတို့မတူနိုင်ပါ။
ထာ၀၇မှန်ကန်မှု (Absolute truth) သဘောတ၇ားသည်လူသားဥာဏ်စဉ် အဆင့်အတန်းဖြင့်
မည်သို့မျှမသိ၇ှိနိုင်ဆိုသည်မှာံ့၇ှင်းနေပေသည်။သို့သော်လူသားတို.၏သဘာဝမှာ အမြဲပင်
်စောဒကတက်ကြလျှက်၇ှိမြဲဖြစ်သည်။ထိုသို.လူသားတို့တွေးတော ကြံစည် တွက်ဆမှုများ၏
နောက်ကွယ်မှဖြစ်ပျက်မှုမှန်သမျှကို သဘာဝလွန်အံ့သြဆန်းကြယ်မှုများဟုခေါ်ဝေါ်သုံးစွဲကြတတ်ပေသည်။
မျက်မှောက်လက်၇ှိဆန်းသစ်လျှက်၇ှိသောခောတ်သစ်သိပံ္ပပညာ၏အကူအညီဖြင့် စမ်းသပ် အဖြေထုတ်၍မ၇နိုင်သော သဘာဝလွန်အံ့သြဆန်းကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင်
၇ှိလျှက်၇ှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှုဖြစ်၇ပ်ဆန်းများ၏ လျှို.၀ှက်ချက်များ ကိုသိလိုသည့် သဘောတ၇ားများသည် လူသားအများစုတွင်၇ှိတတ်ကြသည်မှာဓမတာပင်ဖြစ်သည်။ သို့သော် ၇ှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာကားတစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မဟုတ်ပေ။

အချို့ကထိုသို့သဘာဝလွန်ဖြစ်၇ပ်ဆန်းများကို ကိုယ်တွေ့ တွေ့၇ှိပါက"ပ၇မတ္ထ သစ္စာတ၇ား"၏အကူအညီဖြင့်တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု
ပြုလုပ်ကြသည်။ အချို့ကသိ၇ှိမှုအသိဖြင့်သာ လုံလောက်တင်းတိမ်ကြသည်။ အချို့ကမူ ယနေ့မျက်မှောက်
ခောတ်သိပံ္ပ၏ အကူအညီဖြင့် ၄င်းဖြစ်၇ပ်ဆန်းများကို ကိုင်တွယ် ဖြေ၇ှင်းတတ်ကြပေသည်။
အချို့ကမူသဘောတ၇ားမပါသောလက်တွေ့ထက် သဘောတ၇ားနှင့်အနှစ်သာ၇ပါ၇ှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကိုပြုကြပြီးမှ နောက်ဆုံးတွင် ၄င်းလေ့လာစမ်းစစ်ကြသည့် ထာ၀၇မှန်ကန်လျှက်၇ှိသောသစ္စာတ၇ားအောက်၌ ဒူးထောက်ကြတတ်သည်။

၎င်းတို့အထဲတွင်ဒေါက်တာမော၇စ်ဘူ

ကိုင်း တစ်ယောက်သည်လည်း
အပါအ၀င်ဖြစ်သည်။

အံ့သြခြင်းများစွာဖြင့်နုတ်မှထွက်ပေါ်လာသောစကားတစ်ခွန်းကြောင့့် "ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ"
"အလ္လာဟ်အသျှင်မြတ်မှအပ အခြားကိုးကွယ်၇ာအသျှင်မ၇ှိပါ။ တမန်တော်မိုဟမဒ်သည်၎င်း၏စေတမန်
တော်တစ်ပါးဖြစ်ကြေင့််ကျွန်ပ်ယုံကြည်ပါ၏"။
မိမိကိုယ်တိုင်လည်းဆေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ခ၇စ်ယာန်ဘာသာဝင်တစ်ဦးပီပီ သမိုင်း ကျမ်း စာပေအထောက်အထားများမှတဆင့်ရှေ့ခောတ်အီဂျစ် မင်းဆက်များနှင့် ဖါရိုဘု၇င်အကြောင်း၊
၎င်းမင်းဆက်များအကြောင်းကောင်းစွာသိရှိသောပါမောက္ခတစ်ဦး ဖါရိုဘု၇င်(၇ာမ်ဆိးစ် ၂) ရုပ်အလောင်းရှေ့တွင်အလုပ်ရှုပ်လျှက် ရှိနေပါတော့သည်။

 
 

အိုး....တစ်ကယ်ဘဲလားဗျာ......ဘယ်လိုဖြစ်တာပါလဲဗျာ... ခင်ဗျားတို့မွတ်ဆလင်တွေယုံကြည်တဲ့ ဒီကု၇်အာန်ကျမ်းတော်မြတ်က ဖါရိုဘု၇င်ေ၇နစ်ပြီး
သေတဲ့အကြောင်းနှင့် ၄င်း၏ရုပ်ခန္ဓာကိုယ်ကိုနောင်လာနောက်သားတွေ သတိသံဝေဂ၇စေ၇န် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်ဆိုတာလေ ဗျာ......ကျွန်တော့် နားတောင်ကျွန်တော်မယုံနိုင်စ၇ာဘဲ....ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကဘဲဒီအကြောင်းကိုဖေါ်ပြထား၇ပါလိမ့်...ဒီမာမ်မီခန္ဓာကိုယ်ကြီးတွေ့ရှိခဲ့တာမှ ဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကျော်လောက်ကမှ.... ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများထိန်းသိမ်းထားခဲ့ပါလိမ့်။ အား..မေးစ၇ာ
မေးခွန်းတွေကတော့ အများကြီးဘဲ။ တကယ်ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်းကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်းခြေထိလိုက်ခဲ့တဲ့ ဖါရိုဘု၇င်ကြီးပင်လား....
အစ္စလာမ်တွေယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမဒ်ဟာ ဒီဖါရိုဘု၇င်အကြောင်းနှင့် ဒီခန္ဓာကြီးတည်ရှိနေတာ
ဘယ်လိုလုပ်များသိခဲ့ပါလိမ့်။
ပါမောက္ခကြီးဒေါက်တာမော၇စ် တစ်ယောက်ဘယ်လိုမှကြိုးစားပြီးအိပ်သော်လည်း အိပ်လို့
မပျော်တော့ပါ။ သူ့၇ဲ့ ရှေ့းသမာကျမ်းတော်ကို လှန်၇င်း" ဟော တွေ့ပြန်ပြီ ဒီဖါရိုး "ှ"ပင်လယ်ကြီးသည်ဖါရိုဘု၇င်နဲ့၎င်း၏ကြီးမားလှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့" ထွက်မြောက်၇ာကျမ်း(၁၄း၂၈) သူမကျေနပ်သေး
ဘာလို့ဒီဓမဟောင်း ငါတို့၇ဲ့သမာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာရှိနေသေးကြောင်း ဘာလို့မပြော
တာဘာလိမ့်....သူကားစိတ်မကျေနပ်.... ထပ်ပြီးထပ်ပြီးအဖြေများလိုအပ်နေသေးပေ၏။
ခေတ်သစ်ဆေးသိပ္ပံပညာရှင်ကြီးတစ်ဦးလည်းဖြစ်၊လက်ရှိဖါရိုဘု၇င်မွမ်းမံစစ်ကြောေ၇း
အဖွဲ့၏ ဥက္ကဋ္ဌကြီးလည်းဖြစ်သော ပါမောက္ခကြီးမော၇စ် တစ်ယောက်သူ့ေ၇ာင်း၇င်းလုပ်ဖေါ်ကိုင်ဖက်ဆေးနှင့်
မျိုးရိုးဗီဇ ၊မန္နုသဗေဒ၊ခန္ဓာဗေဒ ပေ၇ာ်ဖက်ဆာများ၊ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့်အတူ ခောတ်မှီနည်းပ
ညာ cutting edge စမ်းသပ်စစ်ဆေးေ၇းကိ၇ိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော
သိလိုစိတ်မှာ "ဘယ်လိုများဒီမာမ်မီ (ဖာရို) အလောင်းဟာကွယ်လွန်ခဲ့ပါလိမ့် "အနုစိတ်(Autopsy) စမ်းသပ်၍နေပါတော့သည်။
ညဦးယံဘက် ပညာရှင်အသီးသီး သက်ဆိုင်၇ာကဏ္ဍများကိုအသီးသီးစစ်ဆေးပြီး သကာလ နောက်
ဆုံး final report ကိုတင်ပြနေကြပြီဖြစ်ပါတယ်။ ပေ၇ာ်ဖက်ဆာအသီးသီး၏ ကောက်ချက်အ၇ ဤမာမ်မီ(ဖာရို) ရုပ်အလောင်းမှာပင်လယ်တွင်ေ၇နစ်သေဆုံးခဲ့ကြောင်း များမကြာမီအချိန်တိုအတွင်းတွင်ပင် ပင်လယ်မှဆယ်ယူခြင်းကိုခံခဲ့၇ပြီး (၀ါ) ပင်လယ်ထဲတွင်အချိန်ကြာမြင့်စွာ မရှိခဲ့ကြောင်း

ခန္ဓာကိုယ်တွင်းမှဆားဓာတ်အထောက်ထားနှင့် ပင်လယ်နီရွံ့စေး အထောက်ထားများမှ

သက်သေခံလျှက်ရှိကြောင်းတို့ကို နောက်ဆုံးအစီ၇င်ခံစာကြီး တွင်တင်ပြလာကြသောအခါ.. ၄င်းအဖွဲ့

ကိုဦးဆောင်နေသော ပေ၇ာ်ဖက်ဆာဒေါက်တာမော၇စ် တစ်ယောက်

ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေ၇ပါတော့သည်။
" အား...မဟုတ်နိုင်သေးပါဘူးေ၇ထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များဒီလောက်
ပုံပန်းမပျက်ပဲ အခြားမာမ်မီများထက်ပင်လတ်ဆတ် လန်းဆန်းပကတိပုံအတိုင်း ဒီအချိန်ထိတည်ရှိနေ၇ပါ
လိမ့်."..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်းကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူသေရုပ်
လောင်းပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆ၇ာဝန်တစ်ဦးအဖိှု့ဇဝေဇ၀ါနှင့် စဉ်းစား၍အ
တွေးများထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများအကြိမ်ကြိမ်ပြုလုပ်ပြီး အားမ၇ဖြစ်
နေသော ပါမောက္ခကြီး၏ပုံစံကို စာဖတ်သူများပင်မြင်ယောင်မိမည်ထင်ပါသည်။

အချိန်မှာကား ၁၉၈၁ ခုနှစ်
ပြင်သစ်သမတကြီး ဖ၇န်စစ်စကိုမစ်တ၇ာ အုပ်ချုပ်စဉ် ပြင်သစ်နိုင်ငံတွင်ဖြစ်သည်။အီဂျစ်အစိုး၇၏သဘောတူ
ခွင့်ပြုချက်ဖြင့် ဖာရိုဘု၇င်၇ာမ်စစ် (၂) ၏ရုပ်အလောင်းအား သမိုင်းကြောင်းအဆိုအ၇ ကမ္ဘာ့အကြမ်းတမ်းဆုံး၊
အ၇က်စက်ဆုံး၊ခေါင်းအမာဆုံးအီဂျစ်ဘု၇င်အား ခောတ်မှီဓာတ်ခွဲစမ်းသပ်မှုများ(မျိုးရိုးဗီဇ DNA သေဆုံးခြင်းဇစ်မြစ် နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပညာ၇ပ်၊မျက်နှာပြုပြင်မွမ်းမံမှု) ပြုလုပ်၇န်၇ည်
၇ွယ်ချက်တို့ဖြင့် ပြင်သစ်အစိုး၇မှကမ်းလှမ်းခဲ့ပါသည်။ ပြင်သစ်လေဆိပ်သို့ေ၇ာက်လျှင်ေ၇ာက်ခြင်းပင် ပြင်
သစ်သမတ နှင့်တစ်ကွ ၄င်း၏အတွင်းဝန် ၀န်ကြီးများမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြုကြိုဆိုမှု
ကိုပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင်ပြီးချင်းပင် ဖါရိုဘု၇င်၏အလောင်းအား စူးစမ်းရှာဖွေစမ်းသပ်မှု
များပြုလုပ်၇န်ပြင်သစ်နိုင်ငံ၏အထူး မန္နုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့သယ်ဆောင်လာခဲ့ကြပါသည်။
ပထမဦးဆုံး Cutting Edge Technology ဖြင့်သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများပြုလုပ်၇န်၇ည်
၇ွယ်ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာအကယ်ဒမီ၏ ဥက္ကဌ ကြီးမှာပေ၇ာ်ဖက်ဆာဒေါက်တာ မော၇စ်ဘူကိုင်း ဖြစ်ပြီး၎င်းကိုယ်တိုင်ပင်ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာစမ်းသပ်ခွင့်၇ရှိခဲ့ပါ
သည်။

 
 

မေးခွန်းပေါင်းမြာက်များစွာဖြင့် အဖြေမ၇နိုင်သေးသော ပါမောက္ခကြီး

 
 

ဒီနှစ်ပေါင်းသုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်းမပျက်စီးသေးတဲ့မာမီကောင်ကြီး၊သူ
တို့အပြောအ၇ အီဂျစ်နိုင်ငံပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အ၇ပ်မှာတွေ့ရှိခဲ့တယ်ဆိုတဲ့ဒီအလောင်းကြီး၊
ယခုလက်ရှိအီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကု၇်အာန်က တိတိပပပြောဆို
ဖေါ်ပြထားတဲ့ဒီဖါရိုဘု၇င်ကြီး၊ ကျွန်ပ်တော့ဗျာခောတ်မှီဆန်သစ်တဲ့ Technology အကူအညီမပါဘဲ ဒီအ
ကောင်ကြီးကိုသမိုင်းကြောင်းအ၇ စစ်ဆေးမယ်ဆို၇င်တော့ ယုံကြည်မှာမဟုတ်ဘူးဗျာ။ယခုလိုတိုးတက်တဲ့
စက်ကိ၇ိယာ Cutting Edge နည်းပညာ၊ဆေးသိပ္ပံပညာတွေ၇ဲ့ အကူအညီအ၇သာယုံ၇တာဗျာ ဟုခေါင်းခါ
လျှက်တတွတ်တွတ်ပြောကြားလျှက်သာရှိပါတော့သည်။ ဘယ်လိုလုပ်ပြီးဒီမွတ်ဆလင်တွေပြောတဲ့ ကျမ်းစာ
တော်ထဲမှာ ဒီဖါရိုအကြောင်းတိတိပပ ပါရှိနေ၇တာလဲ? သူ့၇ဲ့ကိုယ်ခန္ဓာကိုလည်းကမ္ဘာပေါ်မှာထိန်းသိမ်းထား
တယ်လို့လဲပါသေးတယ်ဆိုတော့ ဘယ်လိုများပါလိမ့်။
သူကားစစ်ဆေးမှုအထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံးသံပြိုင်အဖြေ၇ရှိသော်လည်း မကျေနပ်နိုင်သေး၊
မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြောပြန်ေ၇ာက်သွားပ်ါတော့သည်။ ဒေါက်တာမော၇စ် တစ်ယောက်
အိပ်မပျော်အခဲမကျေနိုင်သေးပါ။နောက်ဆုံး ၄င်းဖါရိုဘု၇င်ရှိ၇ာ အီဂျစ်ပြည်သို့ခ၇ီးဆက်၇န်သာဆုံးဖြတ်လိုက်
လေပါတော့သည်။အီဂျစ်နိုင်ငံသို့ေ၇ာက်လာပြီး သက်ဆိုင်၇ာ ဘူမိဗေဒ ရှေးဟောင်းသမိုင်းပညာရှင်
များ၊ဆေးပညာ ပညာရှင်များ၊မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေးနွေးမှုများပြုလုပ်လျှက်ရှိကာ အဖြေများကို
ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေ၇ာတွင် ၄င်း၏တွေ့ရှိချက်များကို နှီးနှောရှင်းလင်းမှုတစ်၇ပ်ပြုလုပ်နေစဉ်
မွတ်ဆလင်ဆေးသိပ္ပံပညာရှင်တစ်ဦးမှ မတ်တပ်၇ပ်ပြီး ခင်ဗျားကျွန်ပ်တို့ကျမ်းလာဒီပါဒတော်ကို ပြန်နားထောင်ပါ
ဟုဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်....

" ငါအသျှင်မြတ်သည် အစ္စ၇ာအီလ် အမျိုးသားတို့ကိုပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။
ဖါေ၇ာမင်းသည် မိမိ၏စစ်သည်များနှင့်သူတို့ကိုမတ၇ားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။သို့
သော်ေ၇နစ်မြှုပ်ဘေးထိသောအခါ သူသည်အစ္စ၇ာအီလ်အမျိုးသားတို့ယုံကြည်သော အသျှင်မှတပါးအခြား
အသျှင်သခင်မရှိဟုကျွန်ပ်ယုံကြည်ပါ၏။ကျွန်ပ်သည်အလ္လာအသျှင်မြတ်အား ယုံကြည်ကျိုးနွံသူတို့ဘောင်တွင်
ပါဝင်ပါ၏ဟုကြွေးကြော်၏။ " ကု၇်အာန် ( ၁၀း၉၀ )

ဘာလဲ ယခုမှသင်ယုံကြည်သလော၊ ယခုတိုင်အောင်နင်သည်ထောင်ထားခြားနား၍ မတ၇ားပြုကျင့်
သူတို့ဘောင်တွင်ပါဝင်ပြီးမှ။ ကု၇်အာန် ( ၁၀း၉၁ )

သို့သော်နင်သည် နောင်လာနောက်သားတို့အဘို့ သက်သေသာဓကတော်တပါးဖြစ်စေ၇န် နင်၏
ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေ
သာဓကတော်များကိုသတိမမူကြချေ။ ကု၇်အာန် ( ၁၀း၉၂ )

 
 

အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပေ၇ာ်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ်
ငြိမ်သက်သွားကာ"ပ၇မတ္ထ သစ္စာတ၇ား" မှန်ကန်မှုနှင့် တိကျသေချာသောအဖြေကို ၄င်း၏ နှလုံးသည်းပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့၎င်း၏ ဟစ်အော်ချက်မှာကား


"ကျွန်ပ်အစ္စလာမ်ကိုယုံပါပြီ....ကျွန်ပ်ကု၇်အာန်ကိုယုံပါပြီ.."

 
 

" ငါသည်ဤကျမ်းမြတ်ကု၇်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို
တောင်သည် အလ္လာဟ်အားကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသောသဘောဖြင့် ၀ပ်စင်း၍ အစိတ်စိတ်
အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့၇လတံ့၊ ငါသည် ဤဥပမာများကို လူသား
တို့ဆင်ခြင်စဉ်းစားဘို့၇ာ ဆောင်တော်မူ၏။ " ကု၇်အာန် ( ၅၉း၂၁ )

 
 

" အလွန့်အလွန်သနားကြင်နာတော်မူသောမဟာဂရုဏာတော်သခင်အလ္လာဟ်အသျှင်မြတ်သည် အမှန်တ၇ားမြတ်နိုးသူတို့၏နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီတကား။"
ကု၇်အာန် ( ၂၈း၅၆ )

 
 

နှလုံးသားသစ်၊စိတ်သစ်၊လူသစ်နှင့်အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခ၇ီး

 
 

ပါမောက္ခကြီး၏သတင်းသည်ကား နေ၇ာအနှံ့သို့တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။
၎င်းနောက်ပါမောက္ခကြီးသည် ၁၀ နှစ်တိုင်တိုင် အစ္စလာမ်နှင့်ပတ်သက်သော သိပ္ပံဆိုင်၇ာတွေ့ရှိချက်များ၊
ကု၇်အာန်နှင့်သိပ္ပံလေ့လာမှုများ၊အာ၇ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studies များပြု
လုပ်ကာ အစ္စလာမ်ကိုအပတ်တကုတ် လေ့လာခဲ့သည်။ ၄င်းလေ့လာသောအသီးအပွင့်များအဖြစ် ဥေ၇ာပတ
ခွင်နှင့် ကမ္ဘာက အစ္စလာမ်ကိုပို၍သိလာကြသည်။ "ကု၇်အာန်၊ဘိုင်ဘယ်လ် နှင့်သိပ္ပံ" ဟူသောခောတ်သစ်သိ
ပ္ပံပညာဖြင့်ရှေးကျမ်းဂန် များကို စစ်ဆေးခြင်း၊ကု၇်အာန်၏ခိုင်လုံသော၊တိကျသော၊မငြင်းနိုင်သော အမှန်တ
၇ားများကို အခြားကျမ်းဂန်များနှင့် နှိုင်းယှဉ်ကာဖေါ်ပြခဲ့သည်။
လူသားများအားလုံးသတိ၇စေ၇န် ပါမောက္ခကြီးသည် ၄င်း၏တွေ့ရှိချက်များနှင့် စပ်လျင့်ပြီးကျမ်း
တော်လာ ဤအာယတ် (ပါဒ) တော်ကို နောက်ဆုံးမီးမောင်းထိုးပြလျှက်ရှိခဲ့ပါသည်။

 
 

မုသားစကားသည် ထိုကျမ်းတော်ကိုရှေ့မှသော်လည်းကောင်း၊နောက်မှသော်လည်းကောင်း မချဉ်းကပ်နိုင်
ချေ၊ထိုကျမ်းတော်သည် သဗ္ဗညုတေ၇ွဥာဏ်တော်ရှင် ချီးမွမ်းခြင်းတည်၇ာအသျှင်၏ထံတော်မှဖြစ်၏။ ကု၇်အာန် ( ၄၁း၄၂)

 
 

ကျွန်ပ်တို့အဘယ်ကြောင့် အလ္လာဟ်၏သက်သေလက္ခဏာတော်များကိုသတိမမူကြသနည်း?

ကု၇်အာန်စူ၇ာဟ် ( ၁၀း၉၂ ) ကြည့်ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေလက္ခဏာတော်များ
ကိုသတိမမူကြချေ။

ထို့ကြောင့်အချို့သောသူတို့သည် သက်သေသာဓကတော်များကို မျက်ဝါးထင်ထင်တွေ့မြင်၇သော်
လည်းလက်မခံမယုံကြည်ငြင်းပယ်လျှက်ရှိကြသည်။အဆုံးစွန်သောအဖြေနှင့် မှားမှန်ကိုခွဲခြမ်းစိတ်ဖြာ၇န်
စစ်ဆေးစုံစမ်းမှုများ ပြုလုပ်မှုမရှိကြပေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့မွတ်ဆလင်
များပင် ကု၇်အာန်ကိုအဓိပ္ပါယ်ရှိရှိသိရှိ၇န် မကြိုးစားကြချေ။ ကု၇်အာန်ကျမ်းလာအံ့ဖွယ်သက်သေသာဓကများ
ကိုပုံပြင်သဖွယ်သာ ခပ်ဝါးဝါးသိရှိတတ်ကြပြီး ၀ိေ၇ာဓိဘ၀ဖြင့်သာတင်းတိမ်နေတတ်ကြပေသည်။ကျွန်ပ်တို့
ယုံကြည်ထားသောကု၇်အာန်ကျမ်းတော်မြတ်သည်တိကျမှန်ကန်သော ပ၇မတ္ထသစ္စာတ၇ားမှ မှန်ကန်မှုအ
ပြည့်ဖြင့်အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ်အံ့သြဖွယ်ကျမ်းကြီးဖြစ်၇ာ မယုံကြည်ဒွိဟရှိသူမှန်သမျှအား
တိုက်ဆိုင်စစ်ဆေးပြီး အဖြေထုတ်၇န် နည်းမျိုးစုံဖြင့်အသျှင်မြတ်က ကျွန်ပ်တို့လူသားပင်မက နတ်သား(ဂျင်)
မလာအေကာအပေါင်းတို့ကိုပင်စိန်ခေါ်ထားသေး၏။တမန်တော်မိုဟမဒ် သက်ရှိထင်ရှားရှိစဉ်အချိန်မှ ယခုအချိန်ထိနှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင်အာင် ထိုစိန်ခေါ်မှုသည်အသက်ဝင်လျှက်ရှင်သန်နေ၏။
ခောတ်သစ်သိပ္ပံပင် ယခုအချိန်ထိ လိုက်မမှီသေးပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီး
သည်ရှင်သန်လျှက်ရှိနေအုံးမည်ပင်။

 
 

ကု၇်အာန်စူ၇ာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော်လူသားအား
လုံးနှင့်ဂျင်နတ်သားအားလုံးတို့သည် ဤကု၇်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို စီကုံးေ၇းသား
၇န်စုရုံးစည်းဝေး၍ သူတို့အချင်းချင်းကူညီယိုင်းပင်းသော်လည်းဤကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်
ကိုမဖွဲ့နိုင်ချေ။

ဒီ့အပြင်အလ္လာဟ်အသျှင်မြတ်သည်ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ်
စောင်လုံးထားဘိ တိကျမှန်ကန်ပြီးပြည့်စုံသော ကျမ်းတော်မြတ်ကု၇်အာန်၏အာယတ်(ပါဒ) တော်တစ်ခုပင်
ကျွန်ပ်တို့မဖန်တီးနိုင်ကြောင့်၎င်း၏သြဇာအာဏာသည် စကြာဝဋ္ဌာလောကတစ်ခုလုံးအားလွမ်းမိုးထားကြောင်း
ဖေါ်ပြထားသေးပေသည်။ အကယ်၍ ဤကျမ်းတော်ပါစကားများသည် အ၇ာခပ်သိမ်းကိုမွေးမြူတော်မူသော
အလ္လာဟ်အသျှင်မြတ်ထံတော်မှမဟုတ်လျှင် မကိုက်ညီမှုများ၊ လျော့၇ဲမှုများ၊ မမှန်ကန်မှုများကို တွေ့၇မည်ဖြစ်ကြောင့်ဖေါ်ပြထားသေး၏။
ကု၇်အာန် (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )

၎င်း၏စကားနှင့်ပတ်သက်၍ ၄င်းကိုယ်တိုင်ပင်အာမခံထားကြောင်းကို
ကျမ်းတော်မြတ်ကု၇်အာန် (၁၅း၉)တွင်အသျှင်မြတ်သည်ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။
ထို့ကြောင့်ယနေ့အချိန်ထိကု၇်အာန်၏

 
 

စိန်ခေါ်မှုအာမခံချက်များကိုအမှားထောက်ပြနိုင်သောလူသားပညာရှင်၊ဂျင်နတ်သားတစ်ဦးတစ်ယာက်မျှ

မတွေ့ရှိ၇သေးပေ။နောင်တွင်လည်းတွေ့နိုင်မည်မဟုတ်ပေ။ ကု၇်အာန် (၂း၂၃၊ ၂၄)


အချုပ်အားဖြင့်ဆို၇သော် ကျမ်းတော်မြတ်ကု၇်အာန်လာဖါရိုဘု၇င်သည်လည်းကျွန်ပ်တို့
နောင်လာ နောက်သားများ မျက်တွေ့မြင်၇ကာသတိသံဝေဂတ၇ား၇နိုင်စေ၇န်အလ္လဟ်အသျှင်မြတ်
ကိုယ်တော်တိုင်ပုံစံမပျက်ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ်သည်၎င်း၏စကားကို
တည်တော်မူသောအသျှင်ဖြစ်ကြောင်းတင်ပြ၇င်း.................

 
 

 
 


  

ကုရ်အာန်တွင်တိကျသောသင်္ချာဗေဒနှင့်အချိန်

ကုရ်အာန်တွင်လှိုင်ဂူ ကဏ္ဍဟူ၍ပါရှိသည်။ ထိုကဏ္ဍသည် အချိန်နှင့်စပ်လျှင်း၍ အသိပညာပေးသော ကဏ္ဍဖြစ်သည်။ လူသားကမ္ဘာတွင် အသုံးပြုလျက်ရှိသော အချိန်

နှင့်တစ်ချိန် တစ်ခါတည်းတွင် ကွဲပြား ခြားနားသော အခြားအချိန်များလည်း ရှိနေသေးကြောင်း ကုရ်အာန်က လက်တွေ့ပြသချက် ဟုဆိုရ ပေမည်။


ထိုလှိုင်ဂူကဏ္ဍ၁၀ မှ ၂၆ တွင် လူငယ်တစ်စုသည် ဘုရင်တစ်ပါး၏ ဖမ်းဆီးကွက်မျက်မှုမှလွတ်ကင်းရန် လှိုင်ဂူတစ်ခု အတွင်းသို့ဝင်ရောက်၍

ထာဝရအရှင်ထံ ခိုလှုံခဲ့ကြသည်။ ၎င်းတို့နှင့်အတူခွေးတစ်ကောင် လည်းပါလာခဲ့သည်။ ထိုအခါအရှင်က၎င်းတို့၏ အကြားအာရုံ ပေါ်သို့၊

တံဆိပ်ခပ်နှိပ်၍နှစ်ပေါင်းများစွာ အိပ်စေခဲ့သည်။ ထိုဂူပေါက်ဝတွင် ၎င်းတို့၏ခွေးက အ ပြင်ဖက်သို့မျက်နှာမူသော အနေအထား ဖြင့်၎င်း

တို့နှင့်အတူအိပ်ပျော်လျက်ရှိခဲ့သည်။ ထိုဂူ၏ အနေအထားမှာ နေတက်ချိန်နှင့် နေမွန်းလွဲချိန် တို့တွင် ဂူထဲသို့ နေရောင် မရောက်ဘဲ လှိုင်ဂူ၏ ညာဖက်နှင့်

ဘယ်ဖက်ကိုသာ နေရောင်ရောက်ရှိသည်။ ဂူပေါက် ဝ သည် တောင်ဖက် သို့မဟုတ် မြောက်ဖက်သို့ မျက်နှာမူထားခြင်း ဖြစ်နိုင်သည်။ ဂူပေါက်ဝမှ

လက်နှစ်ဖက်ကို ဆန့်၍အိပ်နေသောခွေး၏ အနေ အထားမှာ မြင်ရသူအဖို့ (ခြင်္သေ့တစ်ကောင်ဟု ထင် ရ ဖွယ် ရရှိသည်။) အလွန်ကျောချမ်း၍ အ သင်လှည့်ပြေး

သွားမည်ဖြစ်သည်ဟုဆိုထားသည်။ ထိုအိပ် ပျော် နေသူများအား တနေ့လျှင် ဘယ်ဖက်နှင့် ညာဖက်သို့ နှစ်ကြိမ်စောင်းလှည့် စေခဲ့သည်။ အချို့က

လှိုင်ဂူထဲမှ လူအရေအ တွက် နှင့်စပ်လျှင်းပြီး လူသုံးဦးနှင့်ခွေးတစ်ကောင်ဟုဆိုကြသည်။ အချို့က လူ ငါး ဦးနှင့်

ခွေးတစ်ကောင်ဟူ၍ မှန်းဆ၍ မမြင်မတွေ့ပဲဆိုကြသည်။ အချို့ကလည်း လူသုံး ဦး နှင့်ခွေး တစ် ကောင် ဟူ၍လည်း ဆိုကြသည်။ ထိုလှိုင်ဂူထဲမှ လူဦးရေ အတိအကျကို

ငါ၏ မွေးမြူ သော အရှင် သာ အတိအကျ သိသည်ဟူ၍ အသင်တမန် တော်ပြောကြားပါလေဟုမိန့်ဆိုထား၏။



၎င်းတို့သည် လှိုင်ဂူထဲတွင် နှစ်ပေါင်းသုံးရာ၊ ကိုးနှစ်ထည့်ပေါင်း၍ အိပ်စက်ခဲ့ ကြခြင်း ဖြစ်သည်။ ထိုသို့ နှစ် ပေါင်းများစွာ အိပ်ရာမှ

ထလာကြသော လူစုအနက် တစ်စုက ကျွန်ုပ်တို့သည် မည်မျှ အိပ် စက်ကြ သနည်း ဟူ၍အခြား အုပ်စုကို မေးမြန်းခဲ့ကြ၏။ ထိုအခါ အခြားအုပ်စုက၊

ကျွန်ုပ်တို့သည် တစ် ရက် သို့ မဟုတ်နေ့ ဝက် လောက် အိပ်ပျော်သွားသည်ဟု ဆို၏။ ထိုအခါမည်မျှအတိုင်းအတာအထိ ကျွန်ုပ်တို့ အိပ် ခဲ့သည်ကို

အရှင်သာလျှင် အတိအကျ သိမည်ဖြစ်သည်ဟု တစ်ဦးကဆို၍ ဤငွေ ဒင်္ဂါး ဖြင့် လူ တစ် ယောက် ကိုမြို့ထဲသို့ စေလွှတ်ပါ၊ ထို့နောက် အားလုံးစားသုံးရန်

စင်ကြယ်သန့်ရှင်းသော အစား အစာ များကို ဝယ်ခိုင်းပါဟုတစ် ယောက် ကပြောဆိုခဲ့သည်။ လှိုင်ဂူ ထဲမှ လူအားလုံးစားသုံးရန် ပစ္စည်း

သွားဝယ်သူအနေဖြင့်၊ သိုသို သိတ်သိတ်၊ လှို့ဝှက်စွာဖြင့် သတိနှင့်သွားရန်နှင့် ဂူထဲတွင် ၎င်းတို့ ရှိနေ သည်ကိုအခြားသူများမသိရန်မှာ

ကြားခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ကအသင်အား (ဈေးသွား ဝယ် သူ အား) မြင်သွားပါက ခဲပေါက် ၍သေဒဏ် ပေးမည်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့၏ သာသနာ အ တွင်း သို့

အသင့်အား ဓမ္မဝင်စေခဲ့မည်။ ထိုကဲ့သို့ ဖြစ်ပါက အသင်သည် ဘယ်သောအခါမျှ အောင်မြင် သူမဖြစ်နိုင် တော့ပေ။ လှိုင်ဂူအတွင်းမှ လူတစ်စုသည် ၎င်းတို့

လှိုင်ဂူထဲတွင် အိပ်စက်ခဲ့သော အချိန် ကာ လသည် တစ်ရက်မျှ လောက်ဟု ထင်မှတ်၍ ထိုလှိုင်ဂူ အတွင်းသို့ ဝင်ရောက် ခိုလှုံခဲ့ ရသော နောက် ဆုံး အဖြစ် အပျက်

များကို ကောင်းစွာသတိရလျှက်ရှိခဲ့သည်။ ၎င်းတို့သည် ဘာသာ သာသနာ ကိုင်းရှိုင်း သူ လူငယ်တစ်စု ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်သော သာသနာကို စွန့်လွှတ်ရန် ဘုရင်၏

အား ဓမ္မ ခိုင်းစေချက်မှ ကင်းဝေးရန် လှိုင်ဂူထဲတွင် အရှင့်ထံခိုလှုံခဲ့ ကြခြင်းဖြစ်သည်။



ထိုအကြောင်း အရာကို ကုရ်အာန်တွင် ဖော်ပြခြင်းသည် အလ္လာဟ်က မိမိ၏ ကတိအတိုင်း အ ကောင် အထည် ဖော်ဆောင်သည်ကို လူသားများအား

အသိပေးခြင်းဖြစ်သည်။ ထိုနည်း တူစွာ "ကေယာမသ်" ကမ္ဘာ့တရားစီရင် မည့်နေ့သည် ဧကန်မုချ လုံးဝ ဥဿုံဖြစ်မည်။ ထိုကဲ့သို့ ကေယာ မသ် နေ့ ပြန်ရှင်ထ ကြ

သူတိုင်းသည် လည်း ဖော်ပြပါ လှိုင်ဂူထဲတွင် နှစ်ပေါင်း(၃၀၀) အိပ်ပျော်ရာမှ ပြန်လည် ထလာကြ သော လူတစ်စုကဲ့ သို့ တစ်အောင့်မျှပင် ရှိမည်ဟု ခံစားကြ

ရမည်ကို လက်တွေ့ ပြခြင်း တစ်ရပ် ဖြစ် သည်။ ထိုလှိုင်ဂူထဲမှ လူတစ်ယောက်က ဈေးထဲသို့ စားသောက်ဖွယ်ရာ သွားဝယ် ရာ၌ ၎င်းတို့ အား ဖိနှိပ်ချုပ်ချယ်

ခဲ့သောဘုရင်၏ ခေတ်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ထိုအချိန်၌ ထိုဈေးလာဝယ် သူ ၏ ဝတ်စားဆင်ယဉ်မှု နှင့် ထိုသူသုံးစွဲသော ငွေဒင်္ဂါးများကို မြင်တွေ့

ခြင်းဖြင့် ထူး ဆန်း အံ့ သြ ဘွယ် ဖြစ်ခဲ့ကြသည်။ ထိုမှတဆင့် ထိုသတင်း သည်လက်ရှိ အုပ်ချုပ်လျှက် ရှိသော ဘုရင် ထံ သို့ ရောက် ရှိခဲ့ သည်။

လူတို့၏ အမြင်တွင် ဈေးဝယ်လာသူအား အံ့သြ စွာဖြင့် ဝိုင်းဝန်း ကြည့် ကြ ခြင်း ကြောင့် ဈေးဝယ် လာ သူသည် ဘုရင်၏ ဒုက္ခပေးမှုကို စိုးရိမ် ၍

အခြားအဖော်များကျန်ရှိရာ လှိုင်ဂူသို့ ပြန်သွား ဖွယ်ရာရှိ သည်။ ထိုဂူမှ အုပ်စု တစ်စုလုံး တောနက်အတွင်းသို့ ထွက်ပြေး သွားရာ၊ လက်ရှိ အုပ်ချုပ်

လျှက်ရှိသော ဘုရင် က ၎င်း တို့၏ နောက်မှ လိုက်သည်။ နောက်ဆုံး ဘုရင် ၏ စိတ် တွင် ဆက် လက် မလိုက်လို တော့ပဲ ထို သူတော်စဉ် များ ပျောက်ဆုံးသွားသော

နေရာတွင် ဦးချရာ အ ဆောက် အဦး ဆောက်လုပ်ရန် အမိန့်ပေးခဲ့ပုံရှိ၏။ ဆက်လက်၍ ထိုသူများသည် မည်မျှ အတိုင်းအ တာအ ထိဆက်လက်အသက်ရှင်ကြသည်၊

သို့မဟုတ် ဆက်လက်အိပ်ပျော်သွားကြသည်ဟူ၍ ဖော် ပြထားခြင်းမရှိပေ။



၎င်းတို့ အိပ်စက် ခဲ့သော အချိန်နှင့် စပ်လျှင်းပြီး၁၈း၂၅ (၎င်းတို့သည် နှစ်ပေါင်းသုံးရာတွင် ကိုးနှစ်ပေါင်း ထည့်၍ အိပ်စက် ကြသည်ဟုဆိုထားသည်။)

ကုရ်အာန်တွင် အထက်မှ နှစ်ပေါင်း သုံးရာ တွင် ကိုးနှစ် ပေါင်း ထည့် ခြင်းဟူသော စကားသည် မည်သည့်ခေတ် မည်သည့် လူတစ် ဦးတစ်ယောက် ကမျှ အ ငြင်း

ပွား ၍ မရသော အသုံး အနှုံ ဖြစ်သည်။ ကမ္ဘာတွင် Solar Calendar (နေပြက္ခဒိန်) နှင့် Lunar Calendar (လပြက္ခဒိန်) ဟူ၍နှစ်မျိုးနှစ်စား သုံးစွဲကြသည်။

နေပြက္ခဒိန်၏ နှစ်ပေါင်း သုံးရာသည် လ ပြက္ခဒိန်၏ နှစ်ပေါင်း ၃၀၉နှစ်ဖြစ်သည် အကယ် ၍ နှစ်ပေါင်း၃၀၀ ဟု အထက်ပါ အာယာသ် တွင် ဖော်ပြထား ပါက

လူသားများ အနေဖြင့် လပြက္ခဒိန်အရ နှစ်ပေါင်း၃၀၀ သို့မဟုတ် နေပြက္ခဒိန်အရ နှစ်ပေါင်း ၃၀၀လားဟူ ၍ စောရကတက် ၍ မရနိုင်ရန် အတိအကျ နေပြက္ခဒိန်

အရနှစ်သုံးရာ၊ လ ပြက္ခဒိန် အရ ၃၀၉နှစ်ဖြစ်သည်ဟုဖော်ပြထားခြင်းဖြစ်သည်။ ထိုနည်း တူစွာ ကေယာမသ်ပြန် လည်ရှင် သန်ကြ ရာတွင်လည်း

"ဘရ်ဇခ်"ဟူသောအချိန်နှင့်အာကာသ၏ လွှမ်းမိုးမှုမှ ကင်းဝေးသော နေရာမှ ပြန်လည်ထကြသည့်အခါ အထက်မှ လှိုင်ဂူနေ လူသားများကဲ့သို့ တစ်ရက်၊ နေ့တစ်ဝက်၊

တစ်နာရီ၊ တစ်အောင့်ဟုထင်ကြမည်ဖြစ်သည်။

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်

၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

Sunday, November 21, 2010

ပင်လယ်နီနှစ်ခြမ်းကွဲသောနေရာကိုသုတေသီတို့တွေ့ပြီ


တမန်တော်မူဆာ (မိုးဇက်)နဲ့နောက်လိုက်များရဲ့ဖာရိုဘုရင်လက်ကလွတ်အောင်ပြေးတဲ့ Exodus အကြောင်းကို ကျမ်းမြတ်ကုရအန်ထဲမှာထဲမှာအတိအကျဖော်ပြထားသလိုသမ္မာကျမ်းစာထဲမှာ
လဲဖော်ပြထားပါတယ်။
အားလုံးသိကြတဲ့အတိုင်းဖာရိုဘုရင်ရဲ့လက်ကလွတ်မြောက်အောင်ပြေးရတဲ့ တမန်တော်မူဆာနဲ့နောက်လိုက် များ ဟာပင်လယ်နီလို့ယူဆရတဲ့ ပင်လယ်ကြီးကာဆီးနေတဲ့အတွက်လွတ်လမ်းမရှိတော့တဲ့အချိန်မှာဖန်ဆင်းရှင်
အလ္လာကပင်လယ်ပြင်ကိုနှစ်ခြမ်းကွဲစေပြီးတမန်တော်မူဆာနဲ့နောက်လိုက်တွေကိုလွတ်မြောက်စေပြီး၊နောက်မှလိုက်လာတဲ့အင်အားကြီးမားတဲ့ ဖာရိုဘုရင်နဲ့သူ့ရဲ့စစ်တပ်ကြီးရေနစ်သေဆုံးကြရတာကိုကျမ်းမြတ်ကုရအန်မှာအောက်ပါအတိုင်းဖော်
ပြထားပါတယ်။
http://www.youtube.com/watch?v=xMHlnZO2QlQ&feature=related



၂း၅၀ အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန် )
တရံရောအခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ)
ပင်လယ်ကိုပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှကယ်တင်
တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏အခြွေအရံများကို ငါအရှင်သည်
(အသင့်တို့ မျက်မှောက်၌ပင်)နှစ်မြှုပ်တော်မူလိုက်သည်။
ထိုအချိန် အသင်တို့သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြ
ကုန်သည်။


၇း၁၃၆ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား(အပြည့်အ၀) တုံ့ပြန်တော်မူခဲ့ လေသည်။
သို့ပါ၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ငြင်းပယ်ခဲ့
ကြသည့်အတွက်လည်းကောင်း၊ ထိုသက်သေလက္ခဏာတော်များကို (လုံးဝ) သတိမမူ
လျစ်လျူရှု၍ နေခဲ့ကြသည့်အတွက် လည်းကောင်း၊
သမုဒ္ဒရာပင်လယ်၌ နှစ်မြှုပ်တော်မူခဲ့လေသတည်း။


၁၀း၉၀ ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်း
မှတစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်
ဝင်တို့၏နောက်သို့ "ဖစ်ရ်အောင်န်" နှင့် ထိုဖစ်ရ်အောင်န် ဗိုလ်ခြေဗိုလ်ပါ တို့သည်
မတရားပြုမူရန်လည်းကောင်း၊နိုင်ထက်စီးနင်း ပြုလုပ်ရန်လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။
နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် "ကျွန်တော်မျိုး
သည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သောရှင်မြတ်မှတစ်ပါး
ခ၀ပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်း
သက်ဝင်ယုံကြည်ပါပြီ။ထို့ပြင် ကျွန်တော်မျိုးသည် "မွတ်စ်လင်မ်"အမိန့်တော်ကို လိုက်နာသော
သူတို့တွင်တစ်ဦးအပါအ၀င် ဖြစ်ပါပြီ "ဟု ပြောဆိုခဲ့လေသတည်း


၁၀း၉၁ (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)

ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကား
အသင်သည်  ယခု (မနစ်မြုပ်မီ)အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမက
အသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင်လည်း
တစ်ဦးအပါအ၀င်ဖြစ်ခဲ့ချေသတည်း။

၁၀း၉၂ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင့်အားအသင်၏ခန္ဓာကိုယ်

ရုပ်ကလာပ်နှင့်တကွ အသင်သည် မိမိနောင်လာနောက်သားတို့အဖို့ အထိမ်းအမှတ်၊
လက္ခဏာ၊သံဝေဂရဖွယ်တစ်ရပ် ဖြစ်အံ့သောငှာ ဆယ်တင်ထားတော်မူမည်။
သို့ရာတွင် များစွာသော သူတို့သည် ငါအရှင်မြတ်၏သက်သေ၊ လက္ခဏာတော်များကို
လျစ်လျူရှု မေ့ပျောက်၍သွားသောသူများသာ ဖြစ်ကြပေသတည်း။


See Below for "ဖစ်ရ်အောင်န်" body found in Red Sea
http://www.youtube.com/watch?v=sYLW_2n021c

http://www.youtube.com/watch?v=TCiVvoAfju4&feature=related

http://www.youtube.com/watch?v=bankMmC3kG4&feature=related



နိုင်ငံပေါင်းများစွာကသုတေသီများကဒီဖြစ်ရပ်ကိုသိပ္ပံနည်းကျသက်သေပြဖို့ကျိုးစား ခဲ့ကြပါတယ်။အမေရိကန်နိုင်ငံကိုလိုရာဒိုတက္ကသိုလ်မှ ကားဒရူးခေါင်းဆောင်တဲ့သုတေသီ
များကကွန်ပြူတာ မိုဒယ်များစွာ ပြူလုပ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀ ကျော်ကရာသီဥတု ဂြိုဟ်တုမြေပုံ နဲ့ပင်လယ်သုတေသနများအရအောက်ပါအတိုင်းတွေ့ရှိခဲ့ပါတယ်။



ပင်လယ်နီနှစ်ခြမ်းကွဲပြီးလူများဖြတ်သွားနိုင်တဲ့လမ်းကြောင်းပေါ်လာနိုင်တယ်လို့သူကဆိုပါတယ်။ ကွန်ပြူတာများမိုဒယ်ကိုအသုံးပြူပြီး ဖြစ်နိုင်ချေရှိတဲ့နမူနာ၁၄မျိုးထဲကအနီးစပ်ဆုံးကိုသူကဒီလိုရှင်း
ပြပါတယ်။ နိုင်းမြစ်ရဲ့မြစ်ဝကျွန်းပေါ်နဲ့ပင်လယ်နီအထွက်နေရာမှာသဲသောင်ခုံကြီးတွေရှိပါတယ်။ တကယ်လို့တနာရီကို၆၃မိုင်နှုန်းနဲ့၁၂နာရီကြာလေပြင်းတိုက်မယ်ဆိုရင်ရေအနက်ခြောတ်ပေခန့်
ရှိတဲ့သဲသောင်ခုံပေါ်ကပင်လယ်ရေတွေပျောတ်ပြီး၃မိုင်အလျှားရှိပြီး အကျယ်နှစ်မိုင်ခွဲရှိတဲ့ခြောက်သွေ့တဲ့လမ်းမကြီးပင်လယ်ပြင်မှာပေါ်လာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လေတိုက်တာရပ်သွားတာနဲ့ လေအဟုန်နဲ့တွန်းပို့ထားတဲ့ရေတွေဟာမူလနေရာကိုချက်ခြင်းပြန် လွှမ်းမိုးသွားမယ်လို့တွေ့ရှိရပါတယ်။ ရှင်းပြချက်အသေးစိတ်ကိုအောက်ပါဗီဒီယိုနဲ့လင့်မှာကြည့်နိုင်ပါတယ်။
http://www.youtube.com/watch?feature=player_embedded&v=XZqIZqDh1ns#!


http://www.youtube.com/watch?feature=player_embedded&v=itox6Zn_1G0



http://www.youtube.com/watch?v=6vxnApK4O48&feature=related

Wednesday, November 17, 2010

The last Messenger of Allah, Prophet Muhammad (s)


စကားဦး

သမိုင်းဟူသည်မှာ အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလ၏ လူတို့၏ အခြေအနေအရပ်ရပ်ကို ဖော်ပြသော ပညာရပ်မျိုးကို ခေါ်ပါသည်။ သမိုင်းဘာသာသည် အသိဥာဏ်ရျိသူတိုင်းအား အကျိုးပြုပါသည်။ သမိုင်း၏ ရည်ရွယ်ချက်နှင့်အကျိုးအမြတ်မှာ မျက်မှောက်ကာလ၏ အခြေအနေအရပ်ရပ်နှင့် မျက်ကွယ်လာက၏ အခြေအနေအရပ်ရပ်တို့အား သုံးသပ်လေ့လာ၍ ရရှိသည့်အကျိုးအပေါ် လိုက်နာကျင့်သုံးနိုင်ခြင်းတို့ဖြစ်ပါသည်။

ဥပမာ ခေတ်အခါသမယတစ်ခု၌ ရှင်ဘုရင်တစ်ပါးသည် မိမိတိုင်းသူပြည်သားများအပေါ် မတရားညှင်းပန်းနှိပ် စက်သောကြောင့် ဘုရင်နှင့် တိုင်းသူပြည်သားတို့ မသင့်မမြတ် ဖြစ်လျှက်ရှိ၏။ တိုင်းသူပြည်သားများသည် ၄င်းဘုရင်နှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်လေသည်။ ဘုရင်က မတရား နှိပ်စက်လေ တိုင်းသူပြည်သားတို့သည် အစဉ် ပြန်လည်တိုက်ခိုက်လေဖြစ်သည်။ တိုင်းပြည်သည် တဖြေးဖြေးနှင့် စီးပွားရေး၊ လူမှုရေး၊ လယ်ရာ စိုက်ပျိုးရေးတို့တွင် စိတ်မ၀င်စားနိုင်ဖြစ်ကာ တဖြေးဖြေးနှင့် ချွတ်ချုံကျလာပါသည်။ အခြေခံလူတန်းစားတို့သည် တဖြေးဖြေး စားဝတ်နေရေး ထိခိုက်လာလေလေ မခံမရပ်နိုင်သည့်စိတ်များ ပွားများလာလေလေဖြစ်သည်။ ဘုရင်နှင့် အုပ်ချုပ်သူ လူတန်းစားတို့အဖို့ တိုင်းပြည်စီးပွားရေးထိခိုက်သော်လည်း သူတို့အဖို့ ထိခိုက်မှုမရှိဘဲ စားနေမြဲ သောက်နေမြဲ ဆက်လက်ကာ ပြည်သူတို့အား ဖိစီးနှိပ်စက်လေဖြစ်သည်။ ပြည်သူတို့သည် အဆုံးတွင် မခံနိုင်တော့ဘဲ စုပေါင်းကာ နန်းတော်သို့ ချီတက်ကြလေသည်။

ဘုရင်သည် မိမိ၏စစ်တပ်နှင့် ပြည်သူပြည်သား များကို နန်းတော်သို့ မချီတက်ရန် မိန့်ကြားလေသည်။ ပြည်သူတို့သည် ဘုရင့်အမိန့်ကို မနာခံနိုင်တော့ပါ။ ဆင်းရဲလွန်းသည့် ဒါဏ်ကို မခံနိုင်တော့သဖြင့် ဘုရင့်တပ်များ သတ်ပါကလည်း သေရန် အသင့်ဖြစ်နေလေ သည်။ ဘုရင်သည် စစ်တပ်ကို အမိန့်မနာခံသော ပြည်သူတို့အား သတ်ပစ်ရန် ညွှန်ကြားလေသည်။ ပြည်သူများ စွာကို သတ်ပစ်သော စစ်တပ်သည် အဆုံးတွင် မိမိတို့လည်း ပြည်သူတို့အတွင်းမှ ဖြစ်သည်ကို သိလာလေသည်။ မိမိတို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများကို သတ်ပစ်ကြ သည်။ မိမိတို့၏ မိဘသားသမီးများ ကိုသတ်ပစ်ကြသည်ကို သိလာကြလေသည်။ ထိုအခါ စစ်တပ်သည် ပြည်သူတို့ဖက်မှ ရပ်တည်ကာ ဘုရင်ဆိုး နှင့် အုပ်ချုပ်သူများဖက်သို့ပြန်လှည့်ကာ တိုက်ခိုက်ကြပြန်သည်။ ဤတွင် ပြည်သူပြည်သားများသည် မိမိတို့၏ ဘုရင်ဆိုးကို တိုက်ခိုက်တော်လှန်နိုင်ခဲ့ပြီး မိမိတို့ပြည်သူအတွင်းမှ သမာသမတ်ရှိသော အရည်အချင်းရှိသော သူတော်ကောင်းတစ်ဦးကို ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ တိုင်င်းပြည်ကို အုပ်ချုပ်စေလေသည်။ တိုင်းပြည် သည်လည်း သာယာဝပြောသော တိုင်းနိုင်ငံအဖြစ် တဖန်ရောက်ရှိသွားလေသည်။ အထက်ပါအကြောင်းအရာ သည် ယနေ့ကမ္ဘာနိုင်ငံအများအပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် အတူတူပင်ဖြစ် ပါသည်။ ၄င်းအကြောင်းအရာကို ကြည့်လျှင် အာရေးဗျတိုင်း၏ အမှောင်ခေတ်အခြေအနေကို မီးမောင်းထိုး သယောင်ဖြစ်နေသည်ကို တွေ့ရမည်။

မက္ကာမြို့မှ ခေါင်းဆောင်များ၊ အုပ်ချုပ်သူလူကြီးများသည် ထိုနည်းအတိုင်းပင် မတရားဖိနှပ်အုပ်ချုပ်ခဲ့ကြသည်။ မတရားသော စနစ်၊ မတရားသောအယူအဆများကို အတင်းအဓမ္မ လုပ်ခိုင်းကြသည်။ မလုပ်ကြသော ပြည်သူ များကို အတင်းညှင်းပန်းနှိပ်စက်ကလူပြုကြသည်။ သတ်ဖြတ်ကြသည်။ ရက်စက်ကြသည်။ ထိုအခါ ပြည်သူလူထု အတွင်းမှပင် လူငယ်တစ်ဦးသည် မိမိ၏ ယုံကြည်မှုနှင့် ကိုးကွယ်မှုတရားအပေါ် မိမိ၏ ဖန်ဆင်းရှင် ကိုသိမြင်ကာ ပြည်သူအပေါင်းတို့ကို မှန်ကန်သော လမ်းကို ပြသကာ လွတ်လပ်မှန်ကန်သော စံနစ်နှင့် နိုင်ငံ တော်ကို တည်ထောင်ကြသည်။ ထိုသို့ တည်ထောင်သော လမ်းကြောင်းတွင် မြောက်များစွာသော ဘုရင်ဆိုးများ၊ အုပ်ချုပ်သူများကို တိုက်ခိုက်ဖယ်ရှားပစ်ပြီး မှန်ကန်သော စစ်မှန်သော ပြည်သူအများစုကို ကိုယ်စားပြုသော ဘာသာ သနာသနာနှင့် နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းသည် ထင်ထင်ရှားရှား မိမိတို့အရှေ့တွင် တည်ရှိသည်ကို ကောင်းစွာသိရှိနိုင်သည်။

အထက်ပါအကြောင်းမရာများကို လေ့လာသူတိုင်းသည် မိမိတို့ခေတ်တွင် အဆိုအပါ အခက်အခဲများ၊ အရှုပ်အထွေးများ၊ ဘုရင်ဆိုးများ၊ မတရားအုပ်ချုပ်သူများနှင့် မတရားမှုများကို တွေ့ဆုံတိုင်း အဆိုပါ အတွေ့ အကြုံများကို သင်္ခန်းစားယူကာ မိမိတို့ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို သမိုင်းအဖြစ်အပျက်များမှ အတုယူကာ ကြိုးပမ်းဆောင်ရွက်ရင်း အောင်မြင်မှုကို ရရှိနိုင်ပါသည်။ မိမိတို့က တဖန် အောင်မြင်သူများ အုပ်ချုပ်သူများ ဘုရင်များဖြစ်လာကလည်း သမိုင်းအတွင်းက ဘုရင်ဆိုးများ မတရားမှု များကို မဖြစ်အောင် ရှောင်ကြဉ်နိုင်သည့် အခြေအနေများကို သိရှိလေ့လာနိုင်ပါသည်။ သို့ဖြင့် သမိုင်းဟူသည် ဖတ်စရာ ပုံတိုပတ်စ အဖြစ်သာ သဘောမထားသင့်ဘဲ မိမိတို့အတွက် အလွန်အဖိုးထိုက်တန်သော စာပေဟင်းလေးအိုးကြီးအဖြစ် ခံယူခြင်း မိမိတို့၏ အလွန်အဖိုးတန်သော ရတနာသိုက်အဖြစ်ခံယူရမည်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။

မွတ်စလင် သူတော်ကောင်းများအတွက် အထူးသတင်းကောင်းပါးခြင်သည်မှာ သမိုင်းအဖြစ်အပျက်များစွာကို မိမိတို့လေ့လာနိုင်ပါသည်။ သို့သော် အကောင်းဆုံးလေ့လာထိုက်သော သမိုင်းဖြစ်ရပ်များသည် မိမိတို့၏ တမန် တော်များ၏ ဘ၀ဖြစ်ရပ်များကို လေ့လာသင့်ကြောင်း ဦးစွာ တင်ပြခြင်ပါသည်။ နဗီတမန်တော်များအကြောင်း ကို သိရန်သည် မွတ်စ်လင်မ် တိုင်းအပေါ် ၀ါဂျိဗ်တာဝန်အဖြစ် တာဝန်ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိ သည်မှာ ရှေးခေတ်လူများ၏ အကြောင်းအရာများသည် နှောင်းခတ်လူသားများအတွက် သင်္ခန်းစာပင်ဖြစ် ပါသည်ဟု မိန့်ထားပါသည်။ ထို့အပြင် နဗီတမန်တော်များသည် အပြစ်ကင်းစင်သည့်သူများ ဖြစ်သည်က တကြောင်း၊ အလ္လာဟ်အရှင်မြတ် အမိန့်တော်များကို တသဝေ မတိမ်း လိုက်နာဆောင်ရွက်သူများဖြစ်ကြ သည်ကတကြောင်း၊ စာရိတ္တအရာတွင် သူမတူအောင် အထူးကောင်းမွန် မွန်မြတ်ကြသည့် သူများဖြစ်သည်က တကြောင်း၊ အထူးအတုယူစရာ စံပြပုဂ္ဂိုလ်များ ဖြစ်သည်ကတကြောင်း ၄င်းတို့၏ အကြောင်းကို လေ့လာလိုက် စားကြရန် အထူးပင်အရေးကြီးသည်ဟု ထင်မြင်ယူဆပါသည်။

အထူးသဖြင့် တမန်တော်ချုပ် မုဟမ္မဒ် (ဆွ) ၏ အထုပ္ပတ္တိကို ကောင်းစွာလေ့လာလိုက်စားရန် အရေးကြီးပါ သည်။ မွတ်စ်လင်မ် အွမ္မသ်သားတိုင်းသည် တမန်တော်မြတ် (ဆွ)၏ အကြောင်းကို လေ့လာလိုက်စားရန်သည် ဖရပ်ဇ်တာဝန်ဖြစ်သည်။ အကြောင်းမှာ တမန်တော်များကို ယုံကြည်ရန်သည် အီမာန်ယုံကြည်ချက်၏ အချက် များတွင် အပါအ၀င်ဖြစ်သည်။ အထူးသဖြင့် တမန်တော်တို့၏ အကြောင်းအရာများကို မသိရှိလျှင် မိမိတို့သည် သူတို့အကြောင်းကို မည်သို့မျှ မသိရှိနိုင်သလို သူတို့ကို ယုံကြည်ရန်လည်း ပို၍အလှမ်းဝေးသွားမည်ဖြစ်သည်။ ထိုအခါ သူတို့ကို ယုံကြည်ရန်သည်လည်း ပို၍ ဝေးကွာသွားလိမ့်မည်။ သူတို့ကို လက်မခံနိုင်လျှင် ၄င်းတို့အပေါ် ကျရောက်သော ကျမ်းများကိုလည်း လက်ခံနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျမ်းမြတ်ကုရ်အာန်တွင် နဗီတမန် တော် ၂၅ ပါးအကြောင်းကို အမိန့်တော်လာရှိထားသည်ကို မိမိတို့အနေဖြင့် ကောင်းစွာလေ့လာရန်အတွက် အတန်ပင် သဘောပေါက်မိပြီဟု ယူဆမိပါသည်။ သို့ဖြင့် မိမိတို့သည် တမန်တော်တို့၏ စွန္နသ်တော်များကို သိရှိနိုင်ကာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ပြီး အလ္လာဟ်အရှင်မြတ် နှစ်သက်သူများဖြစ်အောင် ကြိုးပမ်း စေချင်ပါသည်။

တမန်တော်ချုပ်မိုဟမ္မဒ် (စွ) ၏ အထုပ်ပတ္တိအကြောင်း
တမန်တော်မြတ် မိုဟမ္မဒ် (စွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်) သည်တမန်တော်ပေါင်း (၁၂၄၀၀၀) တစ်သိန်းနှစ်သောင်းလေးထောင်ကျော်တို့အနက် နောက်ဆုံးစေလွှတ်တော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ် ၏အမြင့်မြတ်ဆုံးသော တမန်တော်ချုပ်ပင်ဖြစ်တော်မူသည်။ လောကီလောကုတ္တရာနှစ်ဋ္ဌာနစလုံးတွင် လူသားတို့၏ အောင်မြင်မူအတွက် လမ်းညွှန် သွန်သင်ရှေ့ ဆောင်ခဲ့သည့် စံပြခေါင်းဆောင်ကြီးလည်းဖြစ် တော်မူသည်။ တမန်တော်မြတ်ကို ကမ္ဘာ၏ဗဟိုဒေသဖြစ်သော အာရပ်နိုင်ငံ မက္ကာမြို့တော်တွင် အမြင့်မြတ်ဆုံး သော “ကုရိုက်ရှ်” မျိုးနွယ်ဝင်အဖ - အဗ်ဒွလ္လာဟ်၊ အမိ-အာမိနာဟ်တို့မှ ခရစ်သက္ကရာဇ် - ၅၇၁ ခု၊ ဧပြီလ (၂၂) ရက်၊ တနင်္လာနေ့နံနက်အရုဏ်ဦးအချိန်၌ဖွားမြင်တော်မူခဲ့ပေသည်။

အာရဗ်ကမ္ဘာနိုင်င်၏ အခြေအနေ
တမန်တော်မြတ် (စွ) မပွင့်မီ အရဗ်နိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အဆိုးသွမ်းဆုံးဖြစ်နေခဲ့ပေသည်။ တမန်တော် အီစာ (အ) သခင်၏နောက်နှစ်ပေါင်း (၅၇၁) ခုနှစ် ကျော်တိုင်မည်သည့်တမန်တော်မှ စေလွှတ်ခြင်းမရှိခဲ့သဖြင့် အရဗ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှန်းလုံးရှိလူသားတို့သည် တရားလက်လွတ်ဖြစ်ကာ ဒုစရိုက်မူဟူသမျှကို ခုံမင်နှစ်သက်စွာ ကျူးလွန် နေခဲ့ကြပြီး၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ ကျောက်တုံး၊ ကျောက်ခဲ၊ ရုပ်တုစသည်များကို မိမိတို့၏ ကိုးကွယ်ရာအရှင်အဖြစ်မှတ်ယူးကိုးကွယ်နေကြသည်။ ထိုအရာများကသား မိမိတို့သားကောင်းကျိုးဆိုးကျိုးပေးနိုင်သည်ဟု ထင်မှတ်ကာ ဆည်းကပ်ကိုးကွယ်နေခဲ့ကြပေသည်။

ကလေးဘဝ

တမန်တော်လောင်းအား မမွေးဖွားမှီကပင် ဖခင်ကြီးအဗ်ဒုလ္လ်ကွယ်လွန်ခဲ့သည်။ တမန်တော်လောင်းအား ဖွားမြင်သောအခါ ဘိုးတော်အဗ်ဒွလ်မွတ်တွာလစ်ဗ်သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် မြေးတော်ကို “မိုဟမ္မဒ်” ဟူ၍ မှည့်ခေါ်လေသည်။ မိခင်ဖြစ်သူက ချစ်စနိုးဖြင့် အဟ်မဒ် ဟူ၍ မှည့်ခေါ်လေသည်။ မွေးဖွားပြီးနောက် မိခင်သည် ရက် အနည်းငယ်သာ ပြုစု စောင့်ရှောက်ပြီး နို့ထိန်းသည် “ဟာလီမာ” သခင်မထံ ဆက်လက်ပြုစု စောင့်ရှောက်ရန် အပ်နှင်းလိုက်လေသည်။

တမန်တော်လောင်းသည် အခြားကလေးငယ်များကဲ့သို့ ငိုယိုစူပူခြင်း ခိုက်ရန်ဒေါသဖြစ်ခြင်း၊ စသော အပြုအမူ များ မပြုခဲ့သည်သာမက၊ ထူးခြားယဉ်ကျေးသော အပြုအမူများသာ ပြသခဲ့ပါသည်။ ဖသက်ဆိုးဖြစ်ခဲ့သော် တမန်တော်လောင်း သက်တော် ခြောက်နှစ် (၆) နှစ်တိတိတွင် မိခင်ကွယ်လွန်သွားပြန်သဖြင့် မိသက်ဆိုး အဖြစ်နှင့်ပင် ဘိုးတော်နှင့် ဘထွေးတော်တို့၏ အုပ်ထိန်းစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရရှာ၏။ တမန်တော်လောင်းသည် မည်သည့် ဆရာတစ်ဦးတစ်ယောက်ထံမှ စာပေပညာ၊ အရေးအဖတ် မသင်ခဲ့ရသူ (အွမ္မီ) ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ကမ္ဘာစကြာဝဋ္ဌာ တ၀န်းလုံးရှိ ပညာရှင် အားလုံးတို့ထက် သာလွန်ထူးကဲသော အသိဥာဏ်နှင့် ပညာရပ်များကို ပေးသနားတော်မူကာ တတ်မြောက်စေ လေသည်။

ဘ၀သင်တန်းပေးခံရခြင်း

အလ္လာဟ်အရှင်မြတ်သည် မိမိ၏အချစ်တော် တမန်တော်လောင်းအား နောက်တစ်ချိန်တွင် တမန်တော်ဖြစ်ကာ လူထုအား ဦးဆောင်ထိန်းသိမ်းရာတွင် လိုအပ်မည့်အရေအချင်းများ ရှိလာစေရန်အတွက် သည်းခံစိတ်၊ အလုပ် တာဝန်ကို မခိုမကပ်ဆောင်ရွက်တတ်သော အကျင့်များကို ရရှိစေနိုင်သည့် ဆိတ်ကျောင်း လုပ်ငန်းကို ကိုယ်တော်မြတ်၏ နို့စို့ဖက်ညီနောက်များနှင့်အတူ လုပ်စေတော်မူလေသည်။ ထိုသို့ဆိတ်ကျောင်းနေစဉ် တစ်နေ့တွင် ကောင်းကင်တမန်နှစ်ပါးသည် လူသားအသွင်ဆောင်လျှက် လာရောက်ကာ တမန်တော်လောင်း၏ ရင်ကိုခွဲလျှက် နှလုံးသားကို ဆေးကြောသန့်စင်ပေးလေသည်။

တမန်တော်မြတ် (ဆွ) လူငယ်ဘ၀အကြောင်း

တမန်တော်လောင်းသည် သက်တော် (၁၂) နှစ်အရွယ်တွင် ဘထွေးတော် အဘူသွာလိဗ်နှင့်အတူ ဆီးရီးယား နိုင်ငံသို့ ကူးသန်းရောင်းဝယ်ရေး ခရီးစဉ်တွင် လိုက်ပါသွားရာ လမ်းခရီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟုသုတများသာမက ထူးခြားသော အဖြစ်အပျက် တစ်ရပ်ကိုပါ တွေ့ရှိခဲ့ရလေသည်။ ၄င်းအဖြစ်အပျက်က လမ်းခရီးရှိ ဘွတ်စ်ရာ ဟူသောအရပ်တွင် စခန်းချနားနေစဉ် ထိုစခန်းအနီးရှိ ကျောင်းခန်းတွင် နေထိုင်သော ခရိယာန် ပညာရှင်များက ရှေးကျမ်းစာများလာ တမန်တော်အချုပ်အဖြစ် နောက်ဆုံးပွင့်ရောက်လာလတ္တံ့တော် တမန်တော်၏ အချင်းလက္ခဏာနှင့် အဆင်းလက္ခဏာ အင်္ဂါများသည် ဤသူငယ်တွင် ပါရှိပါသည်ဟူ၍ ပြောဆိုခဲ့လေသည်။

ထို့ကြောင့် သင်သည် ဆီးရီးယားနိုင်ငံသို့ ခေါ်ဆောင် မသွားသင့်ပါ။ ထိုနိုင်ငံရှိ ရဟူဒီများသည် ဤသူငယ်အား ဧကံမောက်ချ ရန်မူကြမည်ဖြစ်သည်ဟု အဘူသွာလိဗ်အား ပြောကြားသဖြင့် အဘူသွာလိဗ်သည် တူတော် မောင်အား မက္ကာမြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။ တမန်တော် သက်တော် ၈ နှစ် ၂ လ ၁၀ ရက် ပြည့်သည့်နှစ်တွင် ဘိုးတော် အဗ်ဒွလ် မွတ္တလိဗ် ကွယ်လွန်ပြီး ဘထွေးတော် အဘူသွာလိဗ်က အုပ်ထိန်းသူ အဖြစ် တာဝန်ယူခဲ့ပါသည်။

တွေးတော်မြော်မြင်စဉ်ခြင် သုံးသပ်ခြင်း

စဉ်းစားတတ်သည့်အရွယ်သို့ရောက်ပြီဖြစ်သော် တမန်တော်လောင်းသည် ပတ်ဝန်းကျင်နှင့် ကမ္ဘာလောကကြီး ၏ အကြောင်းများကို ဆက်စပ်တွေးတော်စ ပြုတော်မူလာပါသည်။ လူသားအချင်းချင်း ညှာတာထောက်ထားမှု ကင်းမဲ့ကာ ကြီးနိုင်ငယ်ညှင်း စနစ်များ လွှမ်းမိုးလျှက် မငြိမ်းချမ်းဖြစ်နေသော မိမိပတ်ဝန်းကျင်၏ အခြေအနေ များကို တွေ့ရပြီး မနှစ်မြို့တော်မူယုံသာမက ထိုအပြုအမူအခြေအနေဆိုးများကို ပြုပြင်ပြောင်းလဲပစ်လိုသော စိတ်ဓါတ်များ တဖွားဖွား ပေါ်တော်မူလာလေသည်။ ထို့ကြောင့် လူငယ်လူရွယ်များကို စည်းရုံးဖိတ်ခေါ်၍ အောက်ပါသဘောတူညီချက်များကို ဆုံးဖြတ်ရယူခဲ့ပေသည်။

(၁) ငါတို့သည် ပြည်တွင်းငြိမ်းချမ်းမှုကို တည်ဆောက်ကြမည်။
(၂) ငါတို့သည် ခရီးသည်များကို ပြုစုစောင့်ရှောက်ကြမည်။
(၃) ငါတို့သည် ဆင်းရဲသားများကို ကူညီကြမည်။
(၄) ငါတို့သည် ကျူးကျော်သူများ၏ ကျူးကျော်မှုများကို တားဆီးပိတ်ပင်ကြမည်။
(၅) ငါတို့သည် မက္ကာမြို့ကို ကျူးကျော်သူများအား ရပ်တည်ခွင့်မရအောင် တွန်းလှန်ကြမည်။
ဤသို့ အမှန်တရားကို ရှေ့ရှုဆောင်ရွက်တော်မူသဖြင့် မက္ကာမြို့သားတိုင်းက တမန်တော်လောင်းအား နံမည်ကို မခေါ်ကြဘဲ ဆွာဒိက် အမှန်တရားရှင် အမီးန် သစ္စာရှင် ဟူ၍ပင် ကြည်ညိုလေးစားစွာ ခေါ်ခဲ့ကြလေသည်။

ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ချက်

တမန်တော်လောင်း၏ ငြိမ်းချမ်းေ၇းအတွက် ဆောင်ရွက်မှုလုပ်ငန်းများအနက် ထင်ရှားသောဆောင်ရွက်မှု တစ်ရပ်မှာ ကအ်ဗဟ် ကျောင်းတော်ကြီး ပြန်လည်ပြုပြင်ရေးနှင့် ဆက်လျှဉ်းသော ပြသာနာကြီးကို ပြေလည် အောင်ဖြေရှင်းပေးနိုင်ခဲ့မှုပင်ဖြစ်သည်။ ဖြေရှင်းပေးပုံမှာ ကမ္ဘာဦးဝတ်ကျောင်းတော်ကြီးဖြစ်သော ကအ်ဗဟ် ကျောင်တော်ကြီးတွင် ပျက်စီးယိုယွင်းမှုများ ဖြစ်လာသဖြင့် ပြုပြင်ကြရာ ဟဂ်ျရိအစ်ဝဒ် ကျောက်တုံးကို မူလနေ ရာသို့ ပြန်လည် တပ်ဆင်ရေးကိစ္စတွင် အမျိုးသားအုပ်စု ခေါင်းဆောင်အချင်းချင်း သူတတ်ဆင်မည် ငါတတ်ဆင်မည် စသဖြင့် ၄ ရက်တိုင်တိုင် အငြင်းပွားကာ သွေးချောင်းစီးလုနီးပါး ဖြစ်ခဲ့သည်။

ထိုပြသာနာကြီး ကို ကိုရိုင်ရှ် မျိုးနွယ်ဝင်ကြီးဖြစ်သူ တစ်ဦး၏ အကြံပေးချက်အရ နောက်တစ်နေ့နံနက်တွင် ကအ်ဗဟ် ကျောင်းတော်အတွင်းသို့ ရှေးဦးစွာ ၀င်ရောက်လာသူအား ဆုံးဖြတ်ပေးသူအဖြစ် တင်မြှောက်ပြီး ၄င်း၏ စီစဉ်မှု အတိုင်း ပြသာနာ ကို ဖြေရှင်းရန် အားလုံးက သဘောတူကြလေသည်။ နောက်တစ်နေ့ နံနက်တွက် ကိုယ်တော် မြတ် (ဆွ) သည် ကအ်ဗဟ်ကျောင်းတော်တွင်းသို့ ပထဦးဆုံး ၀င်ရောက်လာနေသည်ကို တွေ့မြင်ကြရသည်နှင့် တစ်ပြိုင်နက်အားလုံးက သစ္စာရှင်လာပြီး၊ သူ၏ အဆုံးအဖြတ်ကိုနာခံကြမည် ဟု ကြွေးကြော်ကြကာ ပြသာနာ ကြီးကို ဖြေရှင်းပေးပါရန် ၀ိုင်းဝန်းကာ ပန်ကြားကြသဖြင့် ကိုယ်တော်မြတ်က စောင်ပိုင်းတစ်ခုကို ယူစေ၍ ခင်းစေပြီး ကိုယ်တော်တိုင် မိမိလက်တော်ဖြင့် ဟဂ်ျရိအစ်ဝဒ် ကျောက်ကို မယူတော်မူကာ စောင်၏ အလယ် တွင်ထား၍ စောင်၏ အစွန်းပိုင်းများကို အမျိုးသားအုပ်စု ခေါင်းဆောင် အသီးသီး တို့အား သယ်ယူစေတော်မူပြီး ကျောင်းတော်အနီးသို့ ရောက်လျှင် ကိုယ်တော်မြတ်ကိုယ်တိုင် ကျောက်တုံးကို မယူတော်မူကာ မူလနေရာတွင် တပ်ဆင်ပေးတော်မူလိုက်လေသည်။ ထိုသို့သွေးချောင်းစီး လုနီးပါးဖြစ်နေသည့် ပြသာနာကြီးကို အားလုံးသော အမျိုးသားအုပ်စုများ ကျေနပ်မှုရရှိစေသည့်အထိ ဖြေရှင်းနိုင်ခဲ့ပေသည်။

တမန်တော်မြတ် (ဆွ) ထိမ်မြားတော်မူခြင်းအကြောင်း

ဤသို့သော် အရည်အချင်းကောင်းများဖြင့် ပြည့်စုံနေတော်မူသည့် ကိုယ်တော်မြတ်၏ သတင်းကို ကြားသိနေသူ များအနက် ကိုရိုင်းရှ်မျိုးနွယ်ဝင် ဂုဏ်သရေရှိ ကြွယ်ဝချမ်းသာလှသည့် ကုန်သည်တစ်ဦးဖြစ်သူ ခတီဂျာ သခင်မ က ကိုယ်တော်အားဖိတ်ခေါ်ကာ မိမိ၏ကုန်ပစ္စည်းများကို ဆီးရီးယားနိုင်ငံသို့ သွားရောက်ရောင်းချပေးပါရန် အပ်နှံလေသည်။ ကိုယ်တော်မြတ်သည် ဆီးရီးယားနိုင်ငံမှ ကုန်ရောင်းပြီးပြန်လာသောအခါ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့ကြောင်းနှင့် ကိုယ်တော်မြတ်၏ ထူးခြားသော စိတ်နေသဘောထား လုပ်ရည်ကိုင်ရည် စသည့် အရည်အချင်းကောင်းများကိုပါ ထပ်မံသိရှိရသဖြင့် သခင်မကြီးသည် ကိုယ်တော်မြတ်အား လေးစားယုံ သာမက ချစ်ခင်စုံမက်မှုပါ ဖြစ်လာသောကြောင့် မိမိနှင့် ထိမ်းမြားရန် သခင်မကပင် စကားကြောင်းလှမ်းခဲ့လေ သည်။

ထိုအခါ ကိုယ်တော်မြတ်သည် ထိုမင်္ဂလာကြောင်းလမ်းမှုကို မိမိ၏ ဘကြီးတော် အဘူတွာလိဗ်အား တင်ပြရာ ဘကြီးတော်ကလည်း သဘောတူတော်မူလိုက်ကာ တူတော်မောင်အား ကောင်းမွန်ခမ်းနားစွာ ထိမ်းမြားပေး လိုက်လေသည်။ ထိုအချိန်တွင် ကိုယ်တော်၏ အသက်မှာ ၂၅ နှစ်သာရှိပြီး ခတီဂျာ် သခင်မ၏ အသက်မှာ ၄၀ ရှိပြီးဖြစ်ပါသည်။ သခင်မသည် စိတ်နေသဘောထား ဖြူစင်ကောင်းမြတ်ပြီး တမန်တော် လောင်းအား ဇနီးကောင်းတစ်ဦးပီသစွာ ပြုစုခဲ့လသည်။ သခင်မသည် ကိုယ်တော်မြတ်အား လွန်စွာ ချစ်ခင် မြတ်နိုးလေး စားခဲ့လေသည်။ ကိုယ်တော်မြတ်သည်လည်း လွန်စွာပင် ချစ်ကြည်မြတ်နိုးတော်မူခဲ့ကာ သခင် မအသက် ထင်ရှားရှိနေစဉ် အခြားအိမ်ထောင်သစ် ထူထောင်ခြင် လုံးဝပြုတော်မမူခဲ့ပေ။ ကိုယ်တော်မြတ်နှင့် သခင်မတို့၌ သားတော် နှစ်ပါးနှင့် သမီးတော် ၄ ပါး ထွန်းကားခဲ့ကြ၏။ ခတီဂျာ သခင်မ ကွယ်လွန်စဉ် တမန် တော်မြတ်သည် အလွန်ပင် ကြေကွဲဝမ်းနည်းတော်မူကာ ယူကြုံးမရဖြစ်ပြီး နှမြောတသနေခဲ့၏။ ခတီဂျာ သခင်မနှင့် ပတ်သက်ပြီ တမန်တော်မြတ်က ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ခဲ့သည်။ ခတီဂျာသည် ကျွန်ုပ်နှင့် ထိမ်းမြား၍ ကျွန်ုပ်အား ပြည့်စုံကြွယ်ဝစေခဲ့သည်။ အစပထမတွင် ကျွန်ုပ်အား ထောက်ခံခဲ့သည်။

အာရပ်တစ်မျိုးသားလုံးတို့က ကျွန်ုပ်အား ရန်ပြုနေခဲ့ကြစဉ် ခတီဂျာ သခင်မသည် ကျွန်ုပ်အား မိတ်ဆွေကောင်း တစ်ဦးအဖြစ် ကူညီပန့်ပိုးအားပေးခဲ့သည်ဟု ပြောပြတော်မူလေ့ရှိပါသည်။ ခတီဂျာ သခင်မသည် တမန်တော် မြတ်၏ အလိုဆန္ဒနှင့်အညီ မိမိဥစ္စာပစ္စည်းများကို အလ္လာဟ် လမ်းတော်တွင် ယက်ယောစွာ လူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိ၏။ ကိုယ်တော်တွင် တစ်စုံတစ်ရာ သုံးစွဲရန် ဆန္ဒတော်ရှိတိုင်း သခင်မသည် ကြည်ဖြူရက်ရောစွာ သုံးစွဲစေခဲ့သည်သာဖြစ်သည်။ သခင်မသည် မိမိအသက်ထက်ဆုံး ကိုယ်တော်အား ဇနီးကောင်းပီပီ ကိုယ်စွမ်းရှိ သ၍ ညာဏ်စွမ်းရှိသ၍ ကူညီခဲ့ပါသည်။ စံမတူအောင် ပြုစုခဲ့ပါသည်။ ကိုယ်တော်မြတ်နှင့် သခင်မတို့သည် အချင်းချင်း ကူညီစောင်မ ထောက်ထားစာနာ ချစ်ကြည်စွာဖြင့် ရိုးမြေကျအောင် ပေါင်းသင်းနေထိုင်ခဲ့ကြပေ သည်။

တမန်တော်အဖြစ်ချီးမြှောက်ခံရတော်မူခြင်းအကြောင်း

ဤသို့ကိုယ်တော်မြတ်သည် သခင်မကြီးနှင့်အတူ နေထိုင်လာပြီးနောက် ကိုယ်တော်မြတ်တွင် တွေးခေါ် မြော်မြင်မှုဆင်ခြင်တုံတရားတိုးပွားလာကာ အမှန်တရားရှာဖွေမှုကို ယခင် ချိန်များထက်ပိုမိုပြုတော်မူလေသည်။ အသက်တော်(၄၀) နှစ်အရွယ်သို့ ရောက်သောအခါ (မက္ကာ) မြို့မှ (၉) မိုင်ကွာရှိ (ဟီရာ) “လိုဏ်ဂူ” တွင်ဝင်၍ စကြာဝဋ္ဌာ၏ အဖြစ်အပျက်များကို တွေးခေါ် မြော်မြင်ကာ ဆင်ခြင်တုံတရားကို ထိုထက်ကျင့်သုံးနေသည့် တစ်နေ့တွင် ကောင်းကင်တမန် (ဂျီဗရာအီးလ်(အ)) ရောက်လာပြီး အလ္လာဟ်အရှင်မြတ် ထံမှ မုက္ခပါဌ်တော် (စူရာဟ်အလတ်က်အစမှ အာယသ် ၅ ထိ) ကို ရွတ်ဖတ်သရဇျွယ်တော် မူပါမည့် အကြောင်း ကိုယ်တော်အား လျှောက်ထားပန်ကြားလေတော့သည်။

ထိုသို့ဖြင့် ကိုယ်တော်မြတ်သည် နောက်ဆုံးတမန်တော် (နဗီချုပ်) ဟူသော “နဗူဝါ့သ်” ဘွဲ့တံဆိပ်နှင့် ကမ္ဘာ့လူသားတစ်ရက်လုံးအား အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖြန့်ချီသွန်သင်ဟောကြားရန် တာဝန်ပေးတော်မူခြင်း ခန်ရလေတော့သည်။ ကောင်းကင်တမန် ဂျီဗရာအီးလ်(အ) သည် အလ္လာဟ်အမိန့်တော်များကို ပြောာကြား၍ ပြန်သွား တော်မူပြီးနောက် ကိုယ်တော်မြတ်သည် စိုးရိမ်ကြီးစွာဖြစ်ကာ “ဟိရာ” လိုဏ်ဂူမှ ပြန်သွား တော်မူပြီး၊ ကြင်ယာတော် ခတီဂျာ သခင်မအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော်မူ၏။

ထိုအခါ ခတီဂျာ သခင်မက ကိုယ်တော် စိုးရိမ်တော်မမူပါနှင့်၊ သခင်သည် သားချင်းများနှင့် ကောင်းမွန်စွာ ဆက်ဆံတော်မူပါသည်၊ မရှိဆင်းရဲသားကိုလည်း ကောင်းမွန်စွာ ကူညီပါသည်၊ ဧည့်သည်များအားလည်း ကောင်းမွန်စွာ ပြုစုတော် မူပါသည်၊ သူငှာအများ အကျိုးကိုလည်း ကောင်းမွန်စွာ သယ်ပိုးတော်မူပသည်။ အလ္လာဟ်အရှင်မြတ်သည် သခင့်အား သေးသိမ်စေတော်မူမည်မဟုတ်ပါဟု ပြောဆိုနှစ်သိမ့်ခဲ့ပါသည်။
ထို့နောက် သခင်မကြီးသည် တမန်တော်မြတ်အား မိမိ၏ဦးရီး၏သား (၀ရကဗင် နော်ဖဲလ်) ထံသို့သွားကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ၀ရကသည် ကောင်းကင်ကျကျမ်းများကို ဖတ်ဖူးထားသော ပုဂ္ဂိုလ် ဖြစ်သည့်အလျှောက် ခတီဂျာ သခင်မ ပြောပြသော စကားကို သေချာကျနစွာ နားထောင်ပြီး “ အကယ်၍ ဤအတိုင်းသာဖြစ်ပါက အသင်မ၏ ခင်ပွန်းထံသို့ ရောက်ရှိလာသေ ကောင်းကင်တမန်တော်သည် ဂျီဗရာအိလ် (အ) ဖြစ်သည်။ အသင်မ၏ခင်ပွန်းသည်လည်း တမန်တော်ချုပ်ဖြစ်တော်မူမည်ဟု” ပြောပြလေသည်။

အစ္စလာမ်သာသနာတော်ကို တင်ပြဟောကြားခြင်း

ယင်းသို့တာဝန်ပေးအပ်ခြင်းခံရသည့်အတိုင်း ကိုယ်တော်မြတ်သည် အစ္စလာမ်သာသနာတော်ဖက်သို့ ဖိတ်ခေါ် ဟောကြားရာ အမျိုးသမီးများတွင် ကြင်ယာတော် ခတီဂျာ သခင်မသည် အစ္စလာမ်သာသနာကို ဦးစွာပထမ သက်ဝင်ယုံကြည်ခဲ့သော် ပထမ မွတ်စ်လင်မ် အမျိုးသမီးဖြစ်သည်။ လူငယ်များတွင် ညီဝမ်းကွဲတော်စပ်သူ အခိုင်းအစေများတွင် ဇိုင်ဒ် သခင်၊ မက္ကာမြို့ရှိ မြို့မျက်နှာဖုံးလူကြီးများတွင် သာဝကကြီး အဘူဘကရ်တို့သည် အစ္စလာမ်သာသနာတော်တွင်းသို့ လက်ခံဝင်ရောက်ကြလေသည်။

မိစ္ဆာ၀ါဒီ အဖျက်သမားတို့နှင့် ရင်ဆိုင်ရခြင်း

ထို့နောက် ဆက်လက်၍ ကိုယ်တော်မြတ်သည် လူထုအား ကိုးကွယခြင်းခံထိုက်သော် အရှင်သည် အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းသာ ရှိတော်မူကြောင်း မိမိမှာ ထိုအရှင်မြတ်က စေလွှတ်တော်မူသော တမန်တော်ချုပ် ဖြစ်ကြောင်း၊ လူတို့သည် အရှင်မြတ် ပေးအပ်မည့် ပြစ်ဒါဏ်များကို ကြောက်ရွံ့ကြရမည့်ဖြစ်ကြောင်း စသည်တို့ ကို ရှင်းလင် ပြတ်သားရဲဝန့်စွာ တင်ပြဟောပြတော်မူသောအခါ ကိုယ်တော်မြတ်အား ယခင်က သစ္စာဝါဒီ မှန်ကန်သူဟု လေးစားယုံကြည်လိုက်နာခဲ့ကြသော ပုဂ္ဂိုလ်များက ထိုအစ္စလာမ်တရားတော်များကို လက်မခံ ငြင်းဆန်ကြယုံသာမက တမန်တော်မြတ်နှင့် တမန်တော်မြတ်အား ထောက်ခံလိုက်နာသူ မွတ်စ်လင်မ်များကိုပါ ဒုက္ခမျိုးစုံပေး၍ အန္တရယ်မျိုးစုံပြုကာ ၀ိုင်းပယ်ကြလေတော့သည်။

၎င်းတို့သည် တမန်တော်မြတ်အား ဘာသာမဲ့သူ၊ သူရူး၊ ပယောဂ … စသည်ဖြင့် သွားပုပ်လေလွင့် ရှုတ်ချပြောဆိုကြရုံသာမက တရားဟောနေစဉ်တွင်လည်း ဆူညံစွာ ဟစ်အော်လှောင်ပြောင်သရော်ကြသည်။
တမန်တော်ချုပ်သည် အနှောက်အယှက်အဟန့်အတားမျိုးစုံနှင့် ရင်ဆိုင်တော်မူခဲ့ရသော်လည်း၊ မိမိ၏ နောက်လိုက်များနှင့် အတူ ထိုအနှောက်အယှက်၊ ထိုဒုက္ခဆိုးများကိုဇွဲ၊ လုံ့လကြံခိုင်စွာ ရင်ဆိုင်ကာ တရားဟောပြောပို့ချ၍ ဖိတ်ခေါ်ကာ မိမိတာဝန်ကို ဆက်လက်ထမ်းရွက်ရင်း နေတော်မူသည်။

ထိုအခါ မိစ္ဆာယဝါဒီအဖျက်သမားများသည် တမန်တော်မြတ်၏ အုပ်ထိန်းသူဖြစ်သည့် ဘထွေးတော် (အဗူတွာလစ်ဗ်) ထံသို့သွားရောက်ကြ၍ “သင့်တူတော်မောင်သည် အယူဝါဒသစ်၊ သာသနာသစ်ကို ဖြန့်ချီဟောပြောနေသည်၊ ကျွန်ုပ်တို့၏ ဘိုးစဉ်ဘောင်ဆက်မှ အစဉ်အလာဝါဒဟောင်းများကိုပါ ဖျက်ဆီးနေပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းမှ ရပ်စဲမည်ဆိုပါက ၄င်းအား ဤနိုင်ငံမှ အချောအလှဆုံး သမီးပျိုများကို ပေးပါမည်၊ သို့တည်းမဟုတ် နိုင်ငံ၏ အာဏာပိုင်ဘုရင်အဖြစ် တင်မြှောက်ပါမည်” စသည်ဖြင့်တိုင်တန်းလျှက် သွေးဆောင်ဟန့်တားကြလေသည်။

ဘထွေးတော် (အဗူတွာလစ်ဗ်) သည်တမန်တော်မြတ်အား ထိုအကြာင်းများကို ရှင်းပြ၍ အစ္စလာမ် သာသနာတော်ဖြန့်ချီဟောကြားခြင်းများကို ရပ်တန့် ရန် တိုက်တွန်းသောအခါ “အို… ဘထွေးတော် ၄င်းတို့ပြောဆိုသောအရာများသာမက ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ပေးထားသော တာဝန်များကို ဆောင်ရွက်နေခြင်းမှ အနည်းငယ်မျှပင် ရပ်စဲမည် မဟုတ်ပါ။ ဤတာဝန်ကို ဆောင်ရွက်ရာ၌ အကယ်၍ အသက်ကိုစွန့်လှူသွားပါမည်။ ဤကြိုးပမ်းဆောင်ရွက်မှုကိုမူ ရပ်စဲမည်မဟုတ်ပါ” ဟူ၍ ရဲဝန့်စွာပြတ်သားစွာ ပြန်ကြားပြောဆိုလေသည်။ ဘထွေးတော် (အဗူတွာလစ်ဗ်) သည် တမန်တော်မြတ်၏ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသော ထိုစကားများကို ကြားရသည့်အခါ “အို.. တူတော်မောင်၊ အသင်အားအသက်ထက်ဆုံး ကူညီပါမည်ဟု” အားပေးစကား ပြောခဲ့ရှာလေသည်။ ထိုအချိန်မှစ၍ တမန်တော်မြတ်သည် အစ္စလာမ့် တရားတော်များကို ယခင်ကျထက်ပိုမို၍ ပွင့်လင်းစွာ ဟောကြားတော်မူလေတော့သည်။

မွတ်စ်လင်မ်အချို့ အီသီယိုးပီးယားနိုင်ငံသို့ရွေ့ပြောင်းခြင်းအကြောင်း

အစ္စလာမ်သာသနာတော်ကို ချေမှုန်းရန်အတွက် ဆန့်ကျင်ရေးသမားများသည် တမန်တော်မြတ်ကို အမျိုးမျိုးအနှောက်အယှက်ပေးခဲ့ကြရာမှ တမန်တော်မြတ်အား လုပ်ကြံရန်ပင် ကြိုးစားနေခဲ့ကြ၏။ သို့တစေလည်း တမန်တောမြတ်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် မည်သည့်အချိန်တွင်မျှ စိုးရိမ်တော်မူခဲ့၏။ တမန်တော်မြတ်သည် မိမိ ကိုယ်ရေးကိုယ်တာအတွက် ပူပန်ကြောင့်ကြမူမရှိခဲ့သော်လည်း မွတ်စ်လင်မ်တို့ ခံစားနေရသော ဒုက္ခများအတွက် ပူပင်သောကရောက်ရှိနေရတော်မူ၏။ မွတ်စ်လင်မ်တို့အား နှိပ်စက်ညှင်းပမ်းမှုများမှ လွတ်မြောက်ရေးကိုသာ တွေးတောကြံဆနေတော်မူခဲ့၏။

မွတ်စလင်မ်တို့အပေါ်၌ ကာဖရ်များ၏ နှိပ်စက်ညှင်းပန်းမှုများ တစ်တနေ့တခြားကြီးမား များပြားလာသောအခါ တမန်တော်မြတ်က အချို့သောမွတ်စ်လင်မ်များအား “အသင်တို့သည် အီသီရိုးပြီးရား နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြကုန်၊ အီသီရိုးပြီးရား နိုင်ငံ၏ ဘုရင်သည် ခရစ်ရာန် ဘာသဝင်ပင် ဖြစ်တော်လည်း တစ်ဖတ်သားကို အလွန်သနားကြင်နာတရားမျှတသည်။ မည်သူကိုမျှ နှိပ်စက်ခြင်းမရှိ၊ တိုင်းသူပြည်သားအားလုံးတို့သည် ငြိမ်းခြမ်းသာရာစွာရှိကြသည်” ဟုမိန့်ကြားတော်မူလေသည်။

ထိုအချိန်တွင် အီတီရိုးပြီးရားနိုင်ငံ၌ မင်းလုပ်အုပ်ချုပ်လျှက်ရှိသော ဘုရင်၏ အမြင်မှာ “နဂျာရှီ” ဟူ၍ဖြစ်သည်။ တမန်တော်မြတ်က ယင်းသို့မိန့်ကြားတော်မူလိုက်အခါ ဦးစွာပထမ မွတ်စ်လင်မ် (၁၁) ဦးတို့သည် မိမိတို့၏ အမိတိုင်းပြည်ကိုစွန့်၍ အီတီရိုးပြီးရားနိုင်ငံသို့ “ဟိဂျတ်သ်” ရွှေ့ပြောင်းသွားကြောင်းကိုကာဖရ်များ သိသွားသောအခါ ကာဖရ်များသည်ယင်းသို့ ရွှေ့ပြောင်းသွားကြသော မွတ်စလင်မ် များကိုပင် ထက်မန်နှိတ်စက်ရန် အတွက် အီတီရိုးပြီးရား ဘုရင်ထံသို့ ကိုယ်စလယ် နှစ်ဦးအား စေလွှတ်ခဲ့ကြ၏။ ဘုရင်နှင့် သက်စိုင်ရာ မူမတ်တို့အား လက်ဆောင်ပေးရန်အတွက် အဖိုးထိုက်တန်သော ပစ္စည်းများကိုလည်း ထည့်ပေးလိုက်ကြ၏။

အဆိုပါကိုယ်စားလှယ်နှစ်ဦးတို့သည် အီသီယိုးပီးယားနိုင်ငံသို့ ရောက်ရှိလာကြသည့်အခါ ဦးစွာပထမ သက်ဆိုင် ရာ အာဏာပိုင်များနှင့် တွေ့ဆုံကြ၏။ လက်ဆောင်များပေးကြ၏။ မိတ်ဆွေဖွဲ့ကြ၏။ မွတ်စ်လင်မ်များနှင့် ပတ်သက်၍ အထင်မှားအမြင်မှားဖြစ်စေရန် ၀ါဒဖြန့်ကြ၏။ ထို့နောက်ဘုရင်နှင့် တွေ့ဆုံကြ၏။ လက်ဆောင် ပစ္စည်းများဆက်သကြပြီးနောက် “ဘုရင်မင်းမြတ်” … ဤမွတ်စ်လင်မ်များသည် ကျွန်တော်မျိုးတို့အား ပုန်ကန် သောသူများဖြစ်ကြ၏။ ဤသူများသည် ကျွန်တော်မျိုးတို့၏ ကိုးကွယ်ရာများကို ရှုတ်ချပြောဆိုကြပါသည်။ ဤသူများသည် ဘာသာသစ်ကို တည်ထွင်နေကြပါသည်။ ၄င်းတို့၏ဘာသာသည် ဘုရင်မင်းမြတ်၏ ခရစ်ယန် ဘာသာနှင့်လည်း ဆန့်ကျင်ပါသည်ဟု” ဘုရင်မင်းမြတ်အား လျှောက်ထားကြလေသည်။

နဂျာရှီဘုရင်သည် မွတ်စ်လင်မ်တို့အား ခေါ်ယူမေးမြန်းကြရာ သာဝကကြီး အလီသခင်၏ ညီတော်ဖြစ်သော ဂျာဖရ်သခင်က “ဘုရင်မင်းမြတ် ….ကျွန်တော်မျိုးတို့သည် ယခင်က အမှိုက်အမှောင်များတွင်သာ နှစ်မွန်းနေ ကြပါသည်။ ဆိုးမိုက်နေကြပါသည်။ မိမိတို့လက်ဖြင့် ပြုလုပ်ထားသောအရာကိုပင် ဆည်းကပ်ကိုးကွယ်ကြခဲ့ပါ သည်။ သားချင်းများကို စော်ကားခဲ့ကြပါသည်။ အသေသားများကို စားနေခဲ့ကြပါသည်။ သေရည်သေရက် သောက်သုံးနေခဲ့ကြပါသည်။ အလောင်းအစားပြုလုပ်နေခဲ့ကြပါသည်။ မိန်းခလေးများကို မွေးလျှင်မွေးခြင်း သတ်ပစ်ကြပါသည်။ အိမ်နီးနားချင်းများကို ဒုက္ခပေးကြပါသည်။ ထို့အပြင်မြောက်များစွာသော ဆိုးသွမ်း မိုက်မဲ မှုများကိုလည်း ကျူးလွန်ခဲ့ကြပါသည်။

ထိုသို့သော် အချိန်မှာပင် ကျွန်တော်မျိုးတို့တွင် အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်ဖြင့် တမန်တော်တစ်ပါး ပွင့်လာတော်မူခဲ့ပါသည်။ တမန်တော်အမည်မှာ မုဟမ္မဒ် (ဆွ) ဟူ၍ ဖြစ်ပါသည်။ ထိုတမန်တော်မြတ်သည် စိတ်နေသဘောထား အလွန်ဖြူစင်ပါသည်။ ကိုယ်ကျင့်တရား အလွန်ပင် ကောင်းမြတ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးကို ဖန်ဆင်းမွေးမြူတော်မူသော၊ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်ရမည့်အကြောင်း၊ မိမိသည် ထိုအရှင်မြတ်၏ အစေတော် တမန်တော်ဖြစ်သည့်အကြောင်း၊ မကောင်းမှုဟူသမျှကို ဝေးစွာရှောင်ကျဉ်မည့်အကြောင်းများကို ဟောကြား တော မူပါသည်။

ကျွန်တော်မျိုးတို့သည် တမန်တော်မြတ် ဟော်ကြားတော်မူသည့်အတိုင်း အလ္လာဟ်အရှင်မြတ်နှင့် တမန်တော် မြတ်အား ယုံကြည်ကြပါသည်။ ယခင်ကမိုက်မားကျူးလွန်ခဲ့ကြသော မကောင်းမှုများကို စွန့်လွှတ်ကြပါသည်။ ကျွန်တော်မျိုးသို့ ဤသို့ပြုမူခြင်းကို ဤသူမျာသည် မနှစ်သက်ကြသည့်အတွက် ကျွန်တော်မျိုးတို့အား အမျိုးမျိုး နှိပ်စက်ခဲ့ကြပါသည်။ ၄င်းတို့၏နှိပ်စက်မှုများကို မခံမရပ်နိုင်ကြသည့် အဆုံးတွင် တမန်တော်မြတ်၏ ညွှန်ကြားချက်အရ ကျွန်တော်မျိုးတို့သည် မိမိတို့၏ တိုင်းပြည်ကိုစွန့်၍ ဘုရင်မင်းမြတ်၏ အရိပ်တော်တွင် လာရောက်ခိုလှုံခြင်းဖြစ်ပါသည်ဟု ရဲဝန့်မှန်ကန်တည်ကြည်စွာ လျှောက်ထားခဲ့ကြလေသည်။

ဘုရင်မင်းမြတ် သည် ဂျာဖရ်သခင်လျှောက်ထားသည့် စကားများကို ကြားနာရသည့်အခါ လွန်စွာနှစ်သက်သဖြင့် ကိုရိုင်းရှ် မျိုးနွယ်၏ ကိုယ်စားလှယ်များကို ပြန်သွားကြရန် မိန့်တော်မူလိုက်လေသည်။ ၄င်းတို့ပေးဆပ်သော လက်ဆော်ပဏာပစ္စည်းများကိုလည် ပြန်ပေးတော်မူလိုက်လေသည်။ မွတ်စ်လင်မ်များကိုမူ ယခင်အတိုင်း မိမိတိုင်းပြည်တွင် အေးချမ်းသာယာစွာ နေထိုင်ခွင့်ပေးတော်မူ၍ အမျိုးမျိုးမြောက်စားတော်မူလေသည်။
မွတ်စ်လင်မ်များသည်လည်း ဘုရင်မင်းမြတ်နှင့် တိုင်းပြည်အပေါ်တွင် သစ္စာရှိခဲ့ကြသည်။ ကိုယ်စွမ်းရှိသမျှ ဥါဏ်စွမ်းရှိသမျှ ဘုရင်မင်းမြတ်အား ကူညီခဲ့ကြလေသည်။ တိုင်းပြည်အကျိုးသယ်ပိုးခဲ့ကြသည်။ ဘုရင်မင်း မြတ်နှင့် တိုင်းပြည်အတွက် အမြဲဆုမွန်ကောင်းတောင်းပေးခဲ့ကြလေသည်။

ဤဖြစ်ရပ်တွင် မွတ်စ်လင်မ်များသည် မိမိတို့၏ ကျေးဇူးရှင်များအား ကောင်းမွန်စွာ ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း အထင်အရှားတွေ့မြင်နိုင်ပေသည်။ တမန်တော်မြတ်ကလည်း ဤအတိုင်းပင် သွန်သင်ပေးခဲ့တော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကျမ်းမြတ်ကုရ်အာန်တွင် ဤအတိုင်းပင် မိန့်ကြားတော်မူလေသည်။ (ကျေးဇူးအစားမှ ကျေးဇူးတုံ့ပြန်ခြင်းမှတစ်ပါး အခြားမရှိတော့ပြီ။)
(ဆက်လက်တင်ပြဦးမည်။)

Saturday, November 6, 2010

Prophet Dawood (a)

တမန်တော်ဒါဝုးဒ် (အလိုင်ဟိစ္စလာမ်)

တမန်တော်ဒါဝူးဒ်(အ)၏ ဖခင်မှာ အီစာဖြစ်သည်။ ၄င်းတမန်တော်သည် အရှင်မြတ် အား အေဗဒတ်သ်များစွာပြုသူအဖြစ်၎င်း လောကစည်းစိမ်များအား ကျောခိုင်းသော နဗီတမန်တော်တစ်ပါးအဖြစ်၎င်း ကျော်ကြားပါသည်။

တမန်တော်ဒါဝူးဒ်(အ)၏ ရုပ်ဆင်းသဏ္ဌန်မှာ အရပ်အမောင်းနိမ့်ပြီး၊ မျက်နှာတော်မှာ နီရဲလျှက်ရှိပြီးသည်။ ဦးခေါင်းရှိဆံတော်မှာ ဖြောင့်တန်းလျှက်ရှိသည်။ ဒါရီ (မုတ်ဆိတ်)မှာ ရှည်လျား၍ အချို့သော မုတ်ဆိတ်တော်မှာ ကောက်ကွေးလျှက် ရှိသည်။ မျက်နှာတော် အလွန်လှတင့်တယ်ပြီး၊ မွန်မြတ်သောစာရိတ္တဖြင့် ပြည့်ဆုံ တော်မူသည်။ အသံတော်မှာလည်း အလွန်လှပတင့်တယ်ပြီး၊ အလွန်သာယာ လှသည်။

နဗီတမန်တော်လည်းဖြစ်ပြီး၊ တိုင်းပြည်ကိုလည်း အုပ်ချုပ်ရသော ဘုရင် တစ်ပါးဖြစ်ခဲ့သည်။ တမန်တော် ဒါဝူးဒ်(အ)သည် ငယ်ရွယ်စဉ်ကပင် တောင့်တင်း သော ခန္ဓာကိုယ်ဖြင့် ဝဝဖြိုးဖြိုးရှိခဲ့သည်။ ထိုကြောင့် ခန္ဓာကိုယ်ကြောင့် တောင့်တင်း ခိုင်မာလှသော ဂျားလူးသ်အမည်ရှိ ကာဖိရ်မိစ္ဆာအား သတ်ဖြတ်နိုင်ခဲ့သည်။
တမန်တော်ဒါဝူးဒ်(အ)သည် ကိုယ်တော်တိုင် သံချပ်ကာအကျီင်္ကို ပြုလုပ်တော်မူ လေသည်။ ၄င်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုတော်မူခဲ့သည်။ ညဖက်တွင် မအိပ်ဘဲ“အေဗာဒတ်သ်” ပြုတော်မူပြီး တစ်ရက်ခြား ရိုစာဥပုပ်စောင့်တည် တော်မူခဲ့သည်။

တမန်တော်ဒါဝူးဒ်(အ)၏ ခေတ်ကာလ၌ “အိုင်လာ” ဒေသနေ အမျိုသားများသည် အလ္လာရှင်မြတ်၏ အမိန့်တော်ကို ဖီလာဆန့်ကျင်ကြသည်။ အရှင်မြတ်က စနေနေ့ တွင် ငါးမဖမ်းကြရဟူသော အမိန့်ကိုဆန့်ကျင်၍ ထိုနေ့တွင် ငါးဖမ်းကြသောကြောင့် အပြစ်ဒဏ်အဖြစ် ဖီဆန်သူအပေါင်းတို့အား လူအဖြစ်မှ မျောက်အဖြစ်သို့ ပြောင်းလဲ ပစ်တော်မူခဲ့လေသည်။ ထိုပြစ်ဒဏ်ခတ်ခြင်း ခံရသူတို့သည် မျောက်ဘဝဖြင့် သုံးရက်နေပြီး သေကြေပျက်စီးကုန်ကြလေသည်။
အလ္လာဟ်အရှင်မြတ်သည် တမန်တော်ဒါဝူးဒ်(အ) ထံသို့ “ဇဗူးရ်ကျမ်း” ကိုချပေး တော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) ယခုလက်ရှိ “ဂျေရုဆလင်မြို့”၌ တည်ရှိ သော “ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်ကို အုတ်မြစ်ချတော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) သည် နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ် တော်မူခဲ့သည်။

တမန်တော်ဒါဝူးဒ်(အ) သည် သက်တော်(၁၀၀)နှစ်တွင် အရှင်အမိန်ကို ခံယူခဲ့ လေသည်။ ထိုအချိန် “ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်မှာ ဆောက်တည်၍ မပြီးသေးသဖြင့် သားတော်စိုလေမန်(အ)အား ဌင်းကျောင်းတော်ပြီးမြောက်သည် အထိ တည်ဆောက်ရန် မှာတမ်းပြုခဲ့လေသည်။ နဗီတမန်တော်ဒါဝူးဒ်(အ) ကွယ်လွန် ချိန်၌ သားတော်(၁၂) ပါး ကျန်ရစ်ခဲ့လေသည်။
Being Muslim You Have A Opportunity TO See This HAZRAT DAWOOD (AS), Israel


 Traditional tomb of David. In the early 16th century this Crusader cenotaph in the lower room of the Cenacle, the site venerated at least since the fourth century by Christians as the location of the Last Supper and the descent of the Holy Spirit at Pentecost, became misidentified as David's tomb. In 1968 the Israeli Ministry of Religious Affairs awarded the complex to the Diaspora Yeshiva.